ပေကျင်းအိုလံပစ်ပွဲတော်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူအသစ် ၁၀ ဦး တွေ့ရှိ

ပေကျင်းအိုလံပစ်ပွဲတော်တွင် ကိုဗစ်-၁၉ ကူးစက်ခံရသူအသစ် ၁၀ ဦး တွေ့ရှိ

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲသို့ ရောက်ရှိလာသူများအနက် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀ ဦး ထပ်မံတွေ့ရှိခဲ့ပြီး အားကစားသမား ၄ ဦးကိုလည်း လက်ရှိတွင် သီးခြားခွဲထားကြောင်း ပွဲစီစဉ်သူများက ပြောကြားသည်။

အိုလံပစ်ပွဲတော်တွင် စုစုပေါင်းကိုဗစ်-၁၉ စမ်းသပ်မှုပေါင်း ၇၂၀ဝ၀ ခန့်ကို ပြုလုပ်ခဲ့သည်။ အားကစားသမား ၄ ဦးလည်း ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိသဖြင့် လက်ရှိတွင် သီးခြားခွဲထားကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီက ဖေဖော်ဝါရီ ၆ရက်တွင် ပြောကြားခဲ့ကြောင်း Sputnik သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) က ပေကျင်းအားကစားပြိုင်ပွဲသို့ တက်ရောက်လာသူများတွင် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၁ ဦးကို စာရင်းသွင်းထားပြီး အိုလံပစ်ပွဲတော် အစီအစဉ်ဟု ခေါ်တွင်သည့် အခြေအနေတွင် ရောဂါဖြစ်ပွားသူ အရေအတွက် ၃၀၈ ဦးအထိ ရှိသွားပြီဖြစ်သည်။

IOC ၏ အဆိုအရ အားကစားသမား ၇၃၇ ဦးနှင့် အဖွဲ့တာဝန်ရှိသူများနှင့် အခြားသော သက်ဆိုင်သူ ၆၀၇ ဦးတို့ အပါအဝင် အိုလံပစ်နှင့် ဆက်နွှယ်သော ရောက်ရှိလာသူ ၁၃၄၄ ဦးတို့ တရုတ်နိုင်ငံသို့ ဖေဖော်ဝါရီ ၄ရက်တွင် ဝင်ရောက်လာခဲ့သည်။

PCR စမ်းသပ်မှုပေါင်း ၇၁၀ဝ၀ ကျော်ကို ပြုလုပ်ခဲ့သည်ဟု IOC မှ ပြောကြားချက်ကို အဆိုပါ သတင်းတွင် ဖော်ပြခဲ့သည်။

အိုလံပစ်အားကစားပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မသန်စွမ်းအားကစားပြိုင်ပွဲကို မတ်လ ၄ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly