ထရက်ဇွန်စပေါတိုက်စစ်မှူး အန်ဒွိုင်းကို ဆန်းဒါးလန်းခေါ်ယူ

ထရက်ဇွန်စပေါတိုက်စစ်မှူး အန်ဒွိုင်းကို ဆန်းဒါးလန်းခေါ်ယူ

အင်္ဂလန်၊ ဇန်နဝါရီ ၁၅ ။           ။ ဆန်းဒါးလန်းအသင်းသည် တူရကီကလပ် ထရက်ဇွန်စပေါလ်အသင်းမှ တိုက်စစ်မှူး အန်ဒွိုင်းကို ရာသီအဆုံးအထိ အငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၃၀ အရွယ်ရှိ အန်ဒွိုင်းသည် ပြီးခဲ့သည့်ရာသီက ဟားလ်စီးတီးအသင်းတွင် ကစားခဲ့ဖူးသူဖြစ်သည့်အတွက် ပရီးမီးယားလိဂ်အတွေ့အကြုံရှိသည့် ကစားသမားဖြစ်သည်။ ၎င်းသည် ထရက်ဇွန်စပေါအသင်းသို့ မပြောင်းရွှေ့မီက ၁၅ ပွဲတွင် ငါးဂိုးသွင်းယူပေးခဲ့သည်။

ဆန်းဒါးလန်းနည်းပြ ဆမ်အလာဒွိုက်စ်က 'အန်ဒွိုင်းက ကျွန်တော်တို့အသင်းရဲ့ တိုက်စစ်အတွက် ကွဲပြားခြားနားတဲ့ ပုံစံတစ်ခုကို ယူဆောင်လာပါလိ့မ်မယ်။ သူက ပရီးမီးယားလိဂ် အတွေ့အကြုံရှိပြီး သားဖြစ်လို့ ကွင်းထဲမှာ အခက်အခဲ မရှိနိုင်ပါဘူး။ ဒီရာသီ ဒီလိုအခြေအနေမှာ ဒါက အရေးကြီးပါတယ်' ဟု ပြောသည်။

အန်ဒွိုင်းသည် ပေါ်တူဂီကလပ် အကယ်ဒမီကာ၊ ဂရိကလပ် ပါနာသီနာကော့စ်၊ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်နှင့် ရုရှကလပ် လိုကိုမိုးတစ်မော်စကိုတို့တွင် ကစားခဲ့ဖူးသည့် အတွေ့အကြုံရှိ တိုက်စစ်မှူး ဖြစ်သည်။ ၎င်း၏ ကစားသမားဘဝတွင် အကောင်းဆုံးစွမ်းဆောင်မှုမှာ ၂၀၀၉ မှ ၂၀၁၂ အထိ ကိုပင်ဟေဂင်အသင်းတွင် ကစားခဲ့သော ကာလဖြစ်သည်။ ထိုအသင်းတွင် ၁၀၄ ပွဲ၌ ၅၉ ဂိုးသွင်းယူနိုင်ခဲ့သည်။

ဆန်းဒါးလန်းအသင်းမှာ လက်ရှိတွင် ရမှတ် ၁၈ မှတ်သာ ရရှိထားသေးပြီး အဆင့် ၁၈ နေရာတွင် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly