စစ်ကောင်စီက ကျောက်တော်တွင် ညမထွက်ရအမိန့် ထုတ်ပြန်

စစ်ကောင်စီက ကျောက်တော်တွင် ညမထွက်ရအမိန့် ထုတ်ပြန်

ဖေဖော်ဝါရီလ ၆ ရက်

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်တွင် ညမထွက်ရအမိန့်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ ဖေဖော်ဝါရီလ ၂ ရက်နေ့ကထုတ်ပြန်လိုက်သည်။

ကျောက်တော်မြို့နယ် နယ်နိမိတ်အတွင်း လမ်းမကြီးများ၊ အများပြည်သူမတို့သွားရာလမ်း၊လမ်းသွယ်၊ လမ်းကြား၊ဥယျာဉ်(သို့မဟုတ်) အများပြည်သူများနှင့်ဆိုင်သောနေရာများတွင် ည  နာရီမှ နံနက် ၅ နာရီအထိ သွားလာခြင်းမပြုရန် အမိန့်စာတွင် တားမြစ်ထားသည်။ 

တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုဆောက်ရွက်ရာတွင် အပြစ်မဲ့ အရပ်သားများ သေးဆုံး၊ဒဏ်ရာရရှိမှုများရှိခဲ့သည့်အတွက် အလားတူကိစ္စများမဖြစ်ပွားအောင် ထုတ်ပြန်ခြင်းဖြစ်သည်ဟု  ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၀- ၁၄၄ ထုတ်ပြန်ချက်တွင်ပါရှိသည်။ 

လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများစုသည် ရက္ခိုင့်တပ်တော်(ULA)(AA)၏အုပ်ချုပ်ရေး ယန္တာယားအောက်မှာရှိနေသည့့်အတွက်အခုလိုထုတ်ပြန်ခြင်းမှာ ရက္ခိုင့်တပ်တော်(ULA)(AA) ကိုမထိမဲ့မြင်လုပ်ခြင်းဖြစ်သည်ဟု ကျောက်တော်မြို့ဒေသခံကိုဇော်ဝင်းကပြောသည်။

“လက်ရှိက ကျောက်တော်မြို့နယ်နှင့်မြို့နယ်တော်တော်များများမှာ ရက္ခိုင့်တပ်တော်(ULA)(AA)၏အုပ်ချုပ်ရေးနယ်မြေထဲမှာရှိတယ်။ အခုလိုမျိုး ညမထွက်ရအမိန့်ကိုထုတ်ပြန်ခြင်းမှာ စစ်ကောင်စီကသူတို့ရဲ့အုပ်ချုပ်ရေးဟာ ရှိနေသေးတယ်ဆိုတာမျိုးကိုပြချင်တာပေါ့။ဒါဟာ ရက္ခိုင့်တပ်တော်(ULA)(AA) နှင့် ရခိုင်တမျိုးသားလုံးကို မထိမဲ့မြင်လုပ်တာ။ ကျနော်တို့ကလည်း စစ်ကောင်စီနဲ့ အုပ်ချုပ်ရေးဟာမရှိ တော့ဘူးဆိုတာပြရမယ်။ ညမထွက်ရအမိန့်ကိုလည်း လိုက်နာဖို့မလိုဘူး။” ဟုသူကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required