တရုတ်နိုင်ငံ၌ အိုလံပစ်ပွဲနှင့်ဆက်စပ်သည့် ကိုဗစ်ကူးစက်သူ ၃၇ ဦး တွေ့ရှိ

တရုတ်နိုင်ငံ၌ အိုလံပစ်ပွဲနှင့်ဆက်စပ်သည့် ကိုဗစ်ကူးစက်သူ ၃၇ ဦး တွေ့ရှိ

တရုတ်နိုင်ငံတွင် ဇန်န၀ါရီ ၃၀ ရက်က အိုလံပစ်အားကစားပွဲနှင့် ဆက်စပ်နေသူများအနက် ၃၇ ဦး၌ ကိုဗစ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပြီး အစောပိုင်းတစ်ရက်ကလည်း ကူးစက်သူ ၃၄ ဦးရှိခဲ့သည်ဟု ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီအားကစားပြိုင်ပွဲကျင်းပရေးကော်မတီက ပြောသည်။

ဖေဖော်ဝါရီ ၄ ရက်မှ ၂၁ ရက်အထိ အားကစားပြိုင်ပွဲများတွင် အားကစားသမား ၈ ဦးနှင့် အသင်းတာဝန်ရှိသူများအပါအဝင် လေဆိပ်သို့ဆိုက်ရောက်လာသူ ၂၈ ဦး၌ ရောဂါပိုးစမ်းသပ်တွေ့ရှိကြောင်း အားကစားပြိုင်ပွဲကျင်းပရေးစီစဉ်သူများက ဇန်နဝါရီ ၃၁ တွင် ၎င်းတို့ ဝက်ဘ်ဆိုက်၌ ထုတ်ပြန်ခဲ့သည်။

ကိုဗစ်-၁၉ နှင့်အတူယှဉ်တွဲနေထိုင်ရန် ကြိုးစားနေကြသော နိုင်ငံအများနှင့်ဆန့်ကျင်လျက် တရုတ်နိုင်ငံသည် လုံးဝသည်းမခံရေးမူဝါဒဖြင့် သီးခြားလှုပ်ရှားနေပြီး နိုင်ငံတကာလေကြောင်းခရီးစဉ်အားလုံးကို ဖျက်သိမ်းလျက်ရှိသည်။

အိုလံပစ်အားကစားသမားများနှင့် အခြားသူများသည် စင်းလုံးငှားလေယာဉ်ဖြင့် မြို့တွင်းသို့ တိုက်ရိုက်ပျံသန်းရမည်ဖြစ်သည်။ မီဒီယာများနှင့်ဝန်ထမ်းများအပါအဝင် အားကစားပြိုင်ပွဲများနှင့် ပတ်သက်သူတိုင်းကို နေ့စဉ် ရောဂါစမ်းသပ်စစ်ဆေးလျက်ရှိသည်။

ကမ္ဘာ့ထိပ်တန်း အမျိုးသမီး နှင်းလျှောစီးသမားဖြစ်သည့် သြစတြီးယားနိုင်ငံမှ မာရီတာခရာမာသည် ပေကျင်းမြို့သို့ ပျံသန်းခြင်းမပြုမီတွင် ကိုဗစ်ကူးစက်ခံထားရကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီးနောက် ပြိုင်ပွဲအတွက် အချိန်မီရောက်နိုင်အောင် ကြိုးစားရင်း ယခုအခါ ထွက်ခွါချိန်ကို နောက်ဆုတ်ထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required