ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောင်ပိုင်း မီးတိုက်ကျေးရွာအရှေ့မြောက်ဖက် လက်ပံတောင်ဘက်မှာ မနေ့က ဖေဖော်ဝါရီလ ၄ရက်နေ့က ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA)၏ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခက အတည်ပြု ပြောပါတယ်။
စစ်ကောင်စီတပ် ခမရ ၃၅၂မှ စစ်ကြောင်း(၁) ရက္ခိုင့်တပ်တော် (AA)အခြေပြုထားတဲ့နေရာကို စစ်ကောင်စီဘက်က ဦးစွာ ပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော် (AA)ဖက်က တပ်သားတစ်ဦးကျဆုံးခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း ထိခိုင်ကျဆုံးမှုတွေ ရှိခဲ့ပေမယ့် အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။
တိုက်ပွဲနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA)ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုက အခုလို ပြောပါတယ်။