ဇန်နဝါရီ ၁၅၊ မက်ဒရစ် ။ ။ စပိန်ထိပ်သီးအသင်းများဖြစ်သော ရီးယဲလ်မက်ဒရစ်နှင့် အက်သလက်တီကိုအသင်းတို့သည် လာမည့်အပြောင်းအရွှေ့နှစ်ခုအတွက် ကစားသမားမှတ်ပုံတင်ခြင်း ပိတ်ပင်ခံခဲ့ရသည်။
အပြောင်းအရွှေ့စည်းကမ်းဖောက်ခြင်းကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာက ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး အယူခံဝင်မည်ဟု နှစ်သင်းလုံးက ကြေညာထားသည်။ ဒဏ်ငွေလည်း ချမှတ်ခံရပြီး အက်သလက်တီကိုအသင်းက ဆွစ်ဖရန့် ၉၀၀, ၀၀၀၊ ရီးယဲလ်မက်ဒရစ်အသင်းက ၃၆၀, ၀၀၀ ပေးဆောင်ရမည် ဖြစ်သည်။
အသက် ၁၈ နှစ်အောက်ကစားသမားကိုခေါ်ယူစာချုပ်ခဲ့သည်ဆိုခြင်းမှာ လုံးဝမှန်ကန်မှုမရှိဟု ရီးယဲလ်မက်ဒရစ်အသင်းက ကြေညာထားသည်။ ရီးယဲလ်မက်ဒရစ် အထွေထွေဒါရိုက်တာ အိန်ဂျယ် ဆန်းချက်ဇ်က ပြစ်ဒဏ်သည် လုံးဝမျှတမှုမရှိကြောင်းနှင့် ပြောင်းလဲပစ်နိုင်မည်ဟု များစွာမျှော်လင့်ကြောင်း ပြောသည်။
အက်သလက်တီကိုအသင်းကလည်း "ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကချမှတ်တဲ့ ပြစ်ဒဏ်ကို သဘောမတူပါဘူး။ အယူခံဝင်ဖို့အချက်အလက်တွေ ရှာသွားမှာဖြစ်ပါတယ်"ဟု ကြေညာခဲ့သည်။
ဘာစီလိုနာအသင်းသည်လည်း အသက် ၁၈ နှစ်အောက်ကစားသမား စာချုပ်ခေါ်ယူမှုဖြင့် ဧပြီ ၂၀၁၄ တွင် အလားတူပြစ်ဒဏ်မျိုးချမှတ်ခံခဲ့ရ သည်။
ရီးယဲလ်မက်ဒရစ်နှင့် အက်သလက်တီကိုတို့သည် ၂၀၁၆ ဇူလိုင်-သြဂုတ်နှင့် ၂၀၁၇ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်နှစ်ခုကို ပိတ်ပင်ခံရ ခြင်းဖြစ်သည်။
Ref; BBC