အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီး ဂျပန်၊ မြန်မာ၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံများသို့ လာရောက်မည်

အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီး ဂျပန်၊ မြန်မာ၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံများသို့ လာရောက်မည်

ဝါရှင်တန်၊ ဇန်နဝါရီ ၁၅ ။             ။ အမေရိကန် ဒု-နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင့်ကဲန်သည် ယခုသီတင်းပတ် နောက်ပိုင်းမှ စကာ ဂျပန်၊ မြန်မာ၊ တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံများသို့ လာရောက်ကာ မကြာသေးမီက မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုကဲ့သို့ ပြသနာများကို နိုင်ငံတစ်ခုချင်းစီမှ အရာရှိများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဋ္ဌာနက ဇန်နဝါရီ ၄ တွင် ထုတ်ပြန်ခဲ့သည်။

ဘလင့်ကဲန်သည် မြောက်ကိုရီးယား၏ နျူစမ်းသပ်မှုကို ကိုယ်တွယ်ရေးနှင့် ပတ်သက်၍ တိုကျိုတွင် ဂျပန်၊ တောင်ကိုရီးယား ဒု-နိုင်ငံခြားရေးဝန်ကြီးများနှင့် သုံးပုံဆိုင်တွေ့ဆုံဆွေးနွေး မည်ဖြစ်သည် ဟုနိုင်ငံခြားရေးဋ္ဌာနက ဆိုသည်။ ယင်းသုံးပွင့်ဆိုင် ဆွေးနွေးပွဲသို့ ဂျပန် ဒု-နိုင်ငံခြားရေးဝန်ကြီး အကီတာကာဆာအိကီနှင့် တောင်ကိုရီးယား ပထမ ဒု-နိုင်ငံခြားရေးဝန်ကြီး လင်မ်ဆောင်နမ်တို့ တက်ရောက်မည်ဖြစ်သည်။

ဘလင့်ကဲန်သည် မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ၌ ပါဝင်ပတ်သက်သည့် အဓိကကျသည့် အရာရှိများနှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ ဆိုးလ်မြို့တွင် ဘလင့်ကဲန်သည် မြောက်ကိုရီးယား၏ စတုတ္ထမြောက် နျူစမ်းသပ်မှုအပြီး နှစ်ဖက်လုံခြုံရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးမည်ဟု သိရသည်။

ပေကျင်းတွင် ပြုလုပ်မည့် ဘလင့်ကဲန်နှင့် တရုတ် ဒု-နိုင်ငံခြားရေးဝန်ကြီး ကျန်ယဲ့စွေတို့၏ အစည်းအဝေးတွင် မြောက်ကိုရီးယားနှင့် ပတ်သက်သည့် ပြသနာများမှာ အစီအစဉ်၏ ထိပ်တန်းအဆင့်တွင် ပါဝင်မည်ဟု မျှော်လင့်ရသည်။

ဘလင့်ကဲန်သည် ၎င်း၏ခရီးစဉ်အဆုံးသတ်မည့် ဇန်နဝါရီ ၂၁ မတိုင်မီ တရုတ်နိုင်ငံတော်ကောင်စီ၏ လက်အောက်ရှိ ထိုင်ဝမ်ရေးရာဋ္ဌာနအကြီးအကဲ ကျန်ကျိကျွန်းနှင့်လည်း တွေ့ဆုံမည်ဟု အမေရိကန်နိုင်ငံခြားရေးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly