ဆောမြို့နယ်၊ လောင်းရှည်တိုက်ပွဲ စစ်ကောင်စီဘက်က ဗိုလ် ၁ ဦးနှင့် တပ်သား ၁ ဦးကျ

ဆောမြို့နယ်၊ လောင်းရှည်တိုက်ပွဲ စစ်ကောင်စီဘက်က ဗိုလ် ၁ ဦးနှင့် တပ်သား ၁ ဦးကျ

ဖေဖော်ဝါရီ ၅

မကွေးတိုင်း၊ ဆောမြို့နယ် လောင်းရှည်မြို့ မီးသတ်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို PDF - လောင်းရှည် (LRPDF ) နှင့် YDF (ဆော၊ကျောက်ထု) အဖွဲ့များ ပူးပေါင်း၍ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၇ နာရီ ဝန်းကျင်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ နှစ်ပွင့်ဗိုလ် တစ်ဦးနှင့် တပ်သားတစ်ဦး ကျဆုံးခဲ့သည်။

စစ်ကောင်စီ ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ တစ်ဦးလည်း သေဆုံးခဲ့ရပြီး လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ဆောမြို့နယ် အတွင်းရှိ စစ်ကောင်စီ တပ်စွဲထားသည့် နေရာများနှင့် စစ်ကောင်စီ၏ ဒေါက်တိုင် များကို ယမန်နေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ် ဝန်းကျင်က စ၍ PDF - ဆော၊ YDF (ဆော၊ကျောက်ထု) ပူးပေါင်း အဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်များက အချိန်မရွေး ရမ်းသန်း ပစ်ခတ်နိုင်သောကြောင့် ဒေသတွင်းရှိ မိဘ ပြည်သူများ ခရီးသွားလာခြင်း၊ တောတောင် ယာခင်းလယ်ခင်းများသို့ သွားလာခြင်းများ အထူး သတိထား ဂရု စိုက်ကြပါရန် အသိပေး အပ်ပါသည်ဟုလည်း လောင်းရှည်ဒေသ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly