တရုတ်က ဟောင်ကောင်အပေါ် စစ်တပ် ဖြင့် တင်းကျပ်စွာချုပ်ကိုင်ရန် ရည်ရွယ်ထား

တရုတ်က ဟောင်ကောင်အပေါ် စစ်တပ် ဖြင့် တင်းကျပ်စွာချုပ်ကိုင်ရန် ရည်ရွယ်ထား

ဟောင်ကောင်တွင်ကိုယ်ပိုင်စစ်တပ်မရှိသောကြောင့်ဒေသဆိုင်ရာအာဏာပိုင်များသည် စည်းကမ်းထိန်းသိမ်းရာတွင် အကူအညီပေးရန်တရုတ်စစ်တပ် (PLA) မြို့စောင့်တပ်ကို တောင်းဆိုကာ ဟောင်ကောင်မြို့အား တရုတ်၏တင်းကျပ်သော ထိန်းချုပ်မှုအောက်သို့ ထားရှိကြောင်း Singapore Post တွင်ဖော်ပြထားသည်။

တရုတ်စစ်တပ်၏ ထုတ်ပြန်ချက်အရ လတ်တလော အခြေအနေတွင်ဟောင်ကောင်ရှိ PLA မြို့စောင့်တပ်ကို ရှင်ကျန်းပြည်နယ် လုံခြုံရေးအကြီးအကဲဟောင်းဗိုလ်ချုပ်ကြီးဖန်းကျင်တန်းက ဦးဆောင်မည်ဖြစ်သည်။

အစိုးရ၏သတင်းထုတ်ပြန်ချက်အရဖန်းသည်ဟောင်ကောင်အုပ်ချုပ်ရေးမှူးကာရီလမ်းနှင့်တွေ့ဆုံခဲ့ပြီးကာရီလမ်းက၎င်း၏အစိုးရသည်နိုင်ငံတော်၏အချုပ်အခြာအာဏာ၊လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားများကိုပူးပေါင်းကာကွယ်ရန်နှင့်ဟောင်ကောင်၏ရေရှည်သာယာဝပြောရေးနှင့်တည်ငြိမ်ရေးကိုကူညီထိန်းသိမ်းပေးရန်မြို့စောင့်တပ်နှင့်လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်းThe Singapore Post ၌ဖော်ပြထားသည်။

ဟောင်ကောင်ရှိဆန္ဒပြသူများနှင့်အတိုက်အခံများသည်အကြမ်းဖက်သမားများအဖြစ်တံဆိပ်ကပ်ခံထားရကာဤတွေ့ဆုံမှုသည်ဟောင်ကောင်ရှိအကြမ်းဖက်လှုပ်ရှားမှုဟုပြောဆိုနေကြသောကိစ္စရပ်အပေါ်ပိုမိုပြင်းထန်စွာကိုင်တွယ်မည့်ပုံပေါ်သည်။

၂၀၁၉ခုနှစ်တွင်အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများအပြီးတွင်တရုတ်နိုင်ငံသည်ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေတစ်ရပ်ကိုပြဋ္ဌာန်းခဲ့ပြီးအတိုက်အခံခေါင်းဆောင်အများစုကိုဖမ်းဆီးခြင်း၊ခြိမ်းခြောက်ခြင်းနှင့်ပြည်နှင်ဒဏ်ပေးခြင်းတို့ကိုလုပ်ဆောင်ခဲ့ကြောင်း Singapore Post တွင်ဖော်ပြထားသည်။

အာဏာပိုင်များသည်ဝန်ထမ်းများအားဖမ်းဆီးခြင်းနှင့်ပိုင်ဆိုင်မှုသိမ်းဆည်းခြင်းများပြုလုပ်ကာ မီဒီယာအဖွဲ့အစည်းအများအပြားကိုဝင်ရောက်စီးနင်းခြင်းများပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly