လစ်သူယေးနီးယားအပေါ် တရုတ်ပြုမူဆက်ဆံပုံက ဥရောပနိုင်ငံများကို ခြိမ်းခြောက်မှုအဖြစ် EU သုံးသပ်

By Organiser
05 February 2022
လစ်သူယေးနီးယားအပေါ် တရုတ်ပြုမူဆက်ဆံပုံက ဥရောပနိုင်ငံများကို ခြိမ်းခြောက်မှုအဖြစ် EU သုံးသပ်

လစ်သူယေးနီးယားအပေါ် တရုတ်ပြုမူဆက်ဆံပုံသည် အခြားသော ဥရောပနိုင်ငံများအပေါ် ခြိမ်းခြောက်မှုတစ်ခုအဖြစ် EU က သုံးသပ်ထားသည်။

CNN ဆောင်းပါးရှင် လုခ်မက်ဂီက EU သည် တရုတ်နိုင်ငံအပေါ် ပိုမိုတင်းမာလာသည်ဟု ပြောသော်လည်း ထိုသို့လုပ်ဆောင်ခြင်းသည် ကုန်သွယ်ရေးစစ်ပွဲအသွင်ဖြင့် လက်တုံ့ပြန်ရန် တရုတ်အား လှုံ့ဆော်ရာရောက်မည်လား သို့မဟုတ် ဥရောပတွင် ရင်းနှီးမြှုပ်နှံမှုများကို ဖျက်သိမ်းသွားမည်လားဟူသည့် သံသယများလည်း ရှိနေသည်။

လစ်သူယေးနီးယားအပေါ် ခွဲခြားဆက်ဆံသောကုန်သွယ်မှုကျင့်ထုံးများလုပ်ဆောင်ပြီး ၎င်းက အီးယူ၏ တစ်ခုတည်းသော ဈေးကွက်ရှိ အခြားသော ပို့ကုန်များကိုလည်း ထိခိုက်စေသည်ဟု တရုတ်အား စွပ်စွဲကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် EU က ဇန်နဝါရီ ၂၇ ရက်က တိုင်ချက်ဖွင့်လိုက်သည်။

လစ်သူယေးနီးယားအပေါ် တရုတ်၏ ဆက်ဆံမှုကို အခြားသော EU နိုင်ငံများကို ခြိမ်းခြောက်မှုအဖြစ် အီးယူက ရှုမြင်ထားပြီး EU နိုင်ငံအများစုမှာ တရုတ်နိုင်ငံနှင့် ပိုမိုနက်ရှိုင်းသော စီးပွားရေး ချိတ်ဆက်မှုများ ရှိနေကြကာ တိုးမြှင့်လုပ်ဆောင်လိုကြသည်။

ဥရောပနိုင်ငံငယ်တစ်ခုဖြစ်သည့် လစ်သူယေးနီးယားသည် အရှေ့နှင့်ဗဟိုဥရောပ ၁၇ နိုင်ငံနှင့် တရုတ်တို့ ထိတွေ့ဆက်ဆံသည့် ဖိုရမ်ဖြစ်သည့် "17+1" အဖွဲ့မှ နုတ်ထွက်ခဲ့ပြီးနောက် အခြားနိုင်ငံများက ယင်းကဲ့သို့ နုတ်ထွက်ရန်လည်း တိုက်တွန်းခဲ့သည်။

ထို့နောက် နိုဝင်ဘာလတွင် လစ်သူယေးနီးယားသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို သံရုံးဖွင့်ခွင့်ပြုသည့် ပထမဆုံးဥရောပနိုင်ငံ ဖြစ်လာခဲ့သည်။

တရုတ်သည် လစ်သူယေးနီးယားကုန်ပစ္စည်းများ တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းကို တားဆီးခဲ့ပြီး ကုန်သွယ်မှုဆိုင်ရာ အတားအဆီးတစ်ခုကို ထိထိရောက်ရောက် ဖန်တီးခဲ့သည်ဟုလည်း လစ်သူယေးနီးယားက အခိုင်အမာ ပြောကြားခဲ့သည်။ တရုတ်အစိုးရကအဆိုပါစွပ်စွဲချက်များကို အကြိမ်ကြိမ်ပယ်ချခဲ့ပြီး လစ်သူယေးနီးယားသည် တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွား ကို ထိခိုက်စေကာ နှစ်နိုင်ငံဆက်ဆံရေးကို တင်းမာစေခဲ့သည်ဟု ပြစ်တင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly