အကျင့်ပျက်ခြစားမှုအတွက် စုံစမ်းစစ်ဆေးခံရသည့် ဟန်ကျိုး အုပ်ချုပ်ရေးမှူးဟောင်းကို တရုတ်ကွန်မြူနစ်ပါတီက တာဝန်မှဖယ်ရှား

အကျင့်ပျက်ခြစားမှုအတွက် စုံစမ်းစစ်ဆေးခံရသည့် ဟန်ကျိုး အုပ်ချုပ်ရေးမှူးဟောင်းကို တရုတ်ကွန်မြူနစ်ပါတီက တာဝန်မှဖယ်ရှား

တရုတ်နိုင်ငံ၏ အွန်လိုင်းကူးသန်းရောင်းဝယ်ရေး လုပ်ငန်းအချက်အခြာကျဖြစ်သည့် ဟန်ကျိုးပြည်နယ်မှ ကွန်မြူနစ်ပါတီ၏ အုပ်ချုပ်ရေးမှူးဟောင်းကို ပါတီတာဝန်မှ ဖယ်ရှားကာ ပုဂ္ဂလိက ကုမ္ပဏီများ ပုံမှန်မဟုတ်သည့် နည်းလမ်းများဖြင့် လုပ်ငန်း တိုးချဲ့ရာတွင် ပံ့ပိုးခဲ့ကြောင်း စွပ်စွဲထားသည်။

ဩဂုတ်လ ထုတ်ပြန်ချက်တွင် ကျိုကျန်းရုန်နှင့် ပတ်သက်၍ ပါတီ၏ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေး မှုတစ်ခု အပြီးသတ်လုပ်ဆောင်ခဲ့ပြီး ၎င်းအား အစိုးရရှေ့နေများထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း စည်းကမ်းစစ်ဆေးရေး ဗဟိုကော်မရှင် (CCDI) က ဇန်နဝါရီလ ၂၆ရက်တွင် ပြောကြားခဲ့သည်။

ပါတီ၏ ထိပ်တန်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ CCDI ၏ နှစ်ပတ်လည်အစည်းအဝေးနှင့် တိုက်ဆိုင် ချိန်တွင် ထုတ်လွှင့်သည့် အကျင့်ပျက်ခြစားမှုဆိုင်ရာ အစိုးရရုပ်မြင်သံကြား စီးရီး ၅ ခုတွင် ကျို၏အကြောင်းကို ဖော်ပြပြီးနောက် တစ်ပတ်အကြာတွင် ၎င်းကို ယခုကဲ့သို့ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

အသက် ၅၄နှစ်အရွယ် ကျိုသည် ပါတီအပေါ် သစ္စာမစောင့်သိမှုနှင့် စည်းမဲ့ကမ်းမဲ့ တိုးချဲ့ခြင်း ကို ပံ့ပိုးပေးရန် ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းခဲ့သည်ဟု CCDI က စွပ်စွဲထားသည်။

အထိန်းအကွပ်မဲ့ ချဲ့ထွင်ခြင်း ဟူသော စကားသည် တရုတ်၏ အင်အားကြီး နည်းပညာကုမ္ပဏီကြီးများကို ဖြိုခွဲမှုအတွင်း သမ္မတ ရှီကျင့်ဖျင်က အသုံးပြုခဲ့သော လက်သုံးစကားဖြစ်သည်။

ကျိုသည် စီးပွားရေးသမားများ၏ သြဇာလွှမ်းမိုးမှုခံရပြီး ယင်းကုမ္ပဏီများနှင့် နီးကပ်စွာ ဆက်စပ်နေသော ပါတီအရာရှိများအား ရာထူးတိုးပေးခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

စည်းကမ်းထိန်းသိမ်းရေးစောင့်ကြည့်ရေးအဖွဲ့က ကျိုသည် အစိုးရနှင့် စာချုပ်များချုပ်ဆိုနိုင်ရေးနှင့် အခွန်အကောက် အကျိုးအမြတ်များရရှိရေးအတွက် လူများကို ကူညီခြင်းဖြင့် ငွေကြေးပမာဏများစွာ လာဘ်ယူခြင်းဖြင့် သူနှင့် သူ၏ ဆွေမျိုးများသည် အကျင့်ပျက်ခြစားမှုကို လုပ်ဆောင်နေသည်ဟုလည်း စွပ်စွဲခံခဲ့ရသည်။

ယခင်နိုင်ငံပိုင်မီဒီယာများတွင် ဖော်ပြချက်များအရ ၎င်း၏ညီဖြစ်သူ နာမည်တူသူ ကျိုကျန်းရုန်သည် ကြားပွဲစားအဖြစ် ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ မွေးချင်းဖြစ်သူသည် လာဘ်ငွေများရရှိခဲ့ကြောင်း CCDI က ဇန်နဝါရီ ၂၆ရက်တွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly