ဆော်ဒီအာရေဗျနှင့် ဆက်ဆံရေးတိုးမြှင့်ပြီး အမေရိကန်နေရာကို ဝင်ယူရန် အာသီသ ပြင်းပြနေ

ဆော်ဒီအာရေဗျနှင့် ဆက်ဆံရေးတိုးမြှင့်ပြီး အမေရိကန်နေရာကို ဝင်ယူရန် အာသီသ ပြင်းပြနေ

အမေရိကန်သည် အရှေ့အလယ်ပိုင်းမှ နိုင်ငံရေးနှင့် မဟာဗျူဟာကျသော ကတိကဝတ်များကို ပြန်လည်ရုပ်သိမ်းလိုဟန်ရှိ လာသကဲ့သို့ ဆော်ဒီအာရေဗျကဲ့သို့သော နိုင်ငံများသည် အလားအလာရှိသော လုံခြုံရေးမိတ်ဖက်များကို တိုးချဲ့ရှာဖွေလာချိန်မှာ တရုတ်က အဆိုပါဟာကွက်တွင် ဝင်ရောက်နေရာယူရန် ဆန္ဒပြင်းပြလျက်ရှိသည်။

မကြာသေးမီနှစ်များအတွင်း စီးပွားရေးကြီးထွားလာမှုနှင့် ရေနံလိုအပ်မှု များပြားလာမှုတို့ကြောင့် တရုတ်သည် အရှေ့အလယ်ပိုင်းဒေသရှိ ပြည်တွင်းနိုင်ငံရေးအခြေအနေများကို လျစ်လျူရှုကာ ပျော့ပျောင်းသောဆက်ဆံရေးဖြင့် ၎င်းဒေသသရှိ နိုင်ငံအသီးသီးနှင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးများကို တိုးမြှင့်ခဲ့သည်ဟု National Interest ကဖော်ပြသည်။

တရုတ်ကာကွယ်ရေးဝန်ကြီး ဝေဖန်းဟီနှင့် ဆော်ဒီဒုတိယကာကွယ်ရေးဝန်ကြီး ခါလစ်ဘင်ဆာမန်တို့က ၎င်းတို့၏ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ စည်းလုံးညီညွတ်မှုကို ဆက်လက်ခိုင်မာစေမည်ဟု မကြာသေးမီကကျင်းပခဲ့သော အစည်းအဝေးတစ်ခု၌ ကတိပြုခဲ့ကြသည်။

တရုတ်-ဆော်ဒီအာရေဗျဆက်သွယ်မှုသည် ပြီးခဲ့သည့်၁၀ စုနှစ်အတွင်း သိသိသာသာ ချဲ့ထွင်လာခဲ့သည်။ ဆော်ဒီအာရေဗျသည် အမေရိကန်၏ အရေးပါသော မဟာမိတ်အဖြစ် ဆက်လက်တည်ရှိနေသော်လည်း ယခုအခါ ၎င်း၏ ထိပ်တန်းကုန်သွယ်ဖက်မှာ တရုတ်ဖြစ်နေပြီဖြစ်သည်။ ဆော်ဒီအာရေဗျသည် ၎င်း၏စစ်လက်နက်အများစုကို အမေရိကန်ထံမှ ဆက်လက်ဝယ်ယူနေသော်လည်း အချို့နေရာများတွင် တရုတ်ဘက်သို့ ဦးလှည့်လျက်ရှိသည်။

ဥပမာ ဆော်ဒီအာရေဗျသည် ယီမင်တွင် စစ်ရေးအရ ပါဝင်စွက်ဖက်မှုအတွက် အသုံးပြုရန် တရုတ်ဒရုန်းများကို မကြာသေးမီက ဝယ်ယူခဲ့ကြောင်း National Interest မှ ဆောင်းပါးရှင် ထရက်ဗာဖစ်ဆက်က ရေးသားထားသည်။

တရုတ်သည် အီရန်နျူကလီးယားအစီအစဉ်နှင့်ပတ်သက်သည့် P5+1 ညှိနှိုင်းမှုတွင် ပါဝင်နေခြင်းဖြင့် ဆော်ဒီအာရေဗျနှင့်အီရန်တို့အကြား ဒေသတွင်း "စစ်အေးတိုက်ပွဲ" တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

အခြားအာရပ်အစိုးရများအထူးသဖြင့် ဆော်ဒီအာရေဗျနှင့် ဆက်ဆံရေးတည်ဆောက်ရန် တရုတ်က တစ်ပြိုင်နက်တည်း ကြိုးပမ်းမှုများကြောင့် အီရန်နှင့် စစ်ဘက်ဆက်ဆံရေးသည်လည်း တင်းမာလာနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly