တိဘက်၊ ဝီဂါများနှင့် ကာဇက်လူမျိုးများ၏ DNA နမူနာများကို ကာယကံရှင်တို့၏ ဆန္ဒမပါဘဲ စုဆောင်းခံရ

တိဘက်၊ ဝီဂါများနှင့် ကာဇက်လူမျိုးများ၏ DNA နမူနာများကို ကာယကံရှင်တို့၏ ဆန္ဒမပါဘဲ စုဆောင်းခံရ

သုတေသန လုပ်ငန်းစဉ်အတွင်း တိဘက်၊ ဝီဂါများနှင့် ကာဇက်လူမျိုးများ၏ သဘောတူညီချက်ကို လျစ်လျူရှုပြီး လေ့လာမှုပြုလုပ်ခဲ့သဖြင့် အခြားနိုင်ငံသားများနှင့် တရုတ်ပညာရှင်များ ပါဝင်ရေးသားသော သုတေသန စာတမ်းကို Human Genetics သိပ္ပံ ဂျာနယ်က ဖယ်ရှားခဲ့သည်။

ဂျာနယ်၏ အဆိုအရ မူရင်းတင်ပြချက်၏ စာရေးဆရာများက လေ့လာမှုတွင် ပါဝင်သူများထံမလိုအပ်သည့် သဘောတူညီချက်ကိုယူခဲ့သော်လည်း အတည်ပြုချက်မရယူရသေးကြောင်း တိဘက်သတင်းဌာန Phayulက ဖော်ပြခဲ့သည်။

အဆိုပါ လေ့လာမှုအား နောက်ဆုံးတွင် ဖြုတ်ချခဲ့ပြီး တရုတ်နှင့် ဂျာမန်စာရေးဆရာများကို ခွဲထုတ်ကာ အချို့က ပြန်လည်ရုပ်သိမ်းရန် သဘောတူကြသလို အချို့က ကန့်ကွက်ခဲ့ကြသည်။

ပြန်လည်ရုပ်သိမ်းကြောင်း မှတ်ချက်ကို ဒီဇင်ဘာ ၁၁ ရက် နေ့စွဲတပ်ထားပြီး စေ့စေ့စပ်စပ် စုံစမ်း စစ်ဆေးမှု ပြုလုပ်ပြီးနောက် "မူရင်းတင်ပြချက်အရ စာရေးသူများသည် စမ်းသပ်ခံအားလုံးထံမှ သဘောတူညီချက် အကြောင်းကြားစာ ရရှိပြီးဖြစ်ကြောင်း ဂျာနယ်ကို အကြောင်းကြားခဲ့သည်။ လေ့လာမှုတွင် ပါဝင်သူ အားလုံးထံမှ သဘောတူညီချက်ရယူခဲ့ခြင်း ရှိ၊မရှိကို ယင်းဆောင်းပါးတွင် အပြည့်အဝ မဖော်ပြထားပေ"

ဆင်မြူရယ် ပစ်ဖို့ ဆိုသူ ဗြိတိန်ရှေ့နေတစ်ဦးက အဆိုပါ သုတေသနစာတမ်းသည် ကမ္ဘာ့ဆေးဘက်ဆိုင်ရာ အဖွဲ့မှ လက်ခံကျင့်သုံးသည့် Declaration of Helsinki ကြေညာစာတမ်းတွင် ပါရှိသော သက်သေအထောက်အထား ဆိုင်ရာ သတ်မှတ်ချက်များနှင့် မကိုက်ညီကြောင်း Human Rights Pulse တွင် ရေးသားခဲ့သည်ဟု Phayulက ဖော်ပြခဲ့သည်။

အဆိုပါကြေညာချက်တွင် ဆရာဝန်များသည် လူသား၏ အသက်၊ ကျန်းမာရေး၊ ကိုယ်ရေးကိုယ်တာနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

အခြားသော ကိုယ်တွင်းအင်္ဂါများရယူခြင်းဆိုင်ရာ သုတေသနပြုချက်တွင်လည်း တရုတ်တို့၏ ကျင့်ဝတ်ပျက်ယွင်းမှုများကို တွေ့ရှိခဲ့သည်။

အဆိုပါ သုတေသနပြုချက်တွင် တရုတ်နိုင်ငံ၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရပြီး ကိုယ်တွင်း အင်္ဂါများရယူခံလိုက်ရသည့်အတွက် သေဆုံးခဲ့ရသူ အရေအတွက်အများအပြားကို ထည့်သွင်း တွက်ချက်ခြင်းမရှိခဲ့ပေ။

ထို့ပြင် DNA ဒေတာဘေ့စ်များသည် ဆွေမျိုးသားချင်းများနှင့် သားအဖဟုတ်မဟုတ် ဖော်ထုတ်ခြင်းနှင့် တရားမှားယွင်းစီရင်ခြင်း အန္တရာယ်အပါအဝင် အစိုးရစောင့်ကြည့်ခြင်းအတွက် ဖြစ်နိုင်ချေရှိသော အလွဲသုံးစား လုပ်မှုများကို ကြုံတွေ့ရနိုင်သည်ဟု ကုလသမဂ္ဂ၏ ပုဂ္ဂလအခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်က မှတ်ချက်ပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly