ဒလိုင်းလားမား၏ အရိုက်အရာခံထားသူ လင်းရင်ပိုချေအား သီရိလင်္ကာကိုယ်စားလှယ်အဖွဲ့ ကြိုဆို

ဒလိုင်းလားမား၏ အရိုက်အရာခံထားသူ လင်းရင်ပိုချေအား သီရိလင်္ကာကိုယ်စားလှယ်အဖွဲ့ ကြိုဆို

ဒလိုင်းလားမား၏ အရိုက်အရာခံထားရသူ တိဘက်ဗုဒ္ဓဘာသာဘုန်းတော်ကြီး လင်းရင်ပိုချေအား သီရိလင်္ကာနိုင်ငံ ကိုလံဘိုအပြည်ပြည်ဆိုင်ရာလေဆိပ်အထူးဧည့်ခန်းဆောင်၌ တာဝန်ရှိသူများက ဇန်နဝါရီ ၂၆ ရက်တွင် ကြိုဆိုခဲ့ကြသည်။

လင်းရင်ပိုချေသည် အခြားဆရာတော် ၂ ပါးနှင့်အတူ အိန္ဒိယနိုင်ငံ ဒါရမ်ဆာလာမြို့မှ သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

၎င်းတို့အား Sri SambudhaSasanodayaSanghaSabha ဂိုဏ်းမှ ဆရာတော်ကြီးနှင့် သီရိလင်္ကာ အမရပူရ သံဃာ့ ကောင်စီ ဒုတိယဥက္ကဌ ဆရာတော်ကြီး၊ ဂါနန်ဒါ ဆရာတော်ဘုရားကြီးနှင့် နိုင်ငံတကာ ဗုဒ္ဓကွန်ဖက်ဒရေးရှင်း (IBC) မှ ဒုတိယ အထွေ ထွေအတွင်းရေးမှူးချုပ်တို့က ကြိုဆိုခဲ့ကြသည်။

လင်းရင်ပိုချေသည် အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများနှင့် အခြားသော ဗုဒ္ဓဘာသာနိုင်ငံအချို့၏ ခေါင်းဆောင်လည်းဖြစ်သည်။

အဆိုပါ ခရီးစဉ်သည် တိဘက်ဗုဒ္ဓဘာသာဝင်များနှင့် သီရိလင်္ကာဗုဒ္ဓဘာသာဝင်များကြား ရေရှည်ဆက်ဆံရေးကို ခိုင်မြဲစေသည့် အမှတ်အသားဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly