ရလဒ်များမတည်ငြိမ်သောကြောင့် ပြင်သစ်လူမျိုး နည်းပြဂါစီယာကို ရိုးမားအသင်း ရာထူးမှထုတ်ပယ်

ရလဒ်များမတည်ငြိမ်သောကြောင့် ပြင်သစ်လူမျိုး နည်းပြဂါစီယာကို ရိုးမားအသင်း ရာထူးမှထုတ်ပယ်

ဇန်နဝါရီ ၁၄၊ ရောမ။           ။ ရိုးမားအသင်းသည် နည်းပြ ဂါစီယာနှင့်နှစ်ဦးသဘောတူလမ်းခွဲလိုက်ပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က အတည်ပြုကြေညာခဲ့သည်။ ရိုးမားအသင်း သည် ယခုနှစ်စီးရီးအေ ရာသီအစပိုင်းတွင် ဂျူဗင်တပ်လက်ထဲမှာ ဖလားလွှဲပြောင်းရယူရန် မျှော်လင့်ခဲ့သော်လည်း တာထွက်မကောင်းသော ကြောင့် နာပိုလီ၊ အင်တာနှင့် ဂျူဗင်တပ်အသင်းတို့၏ နောက်တွင်သာ ရပ်တည်နေရသည်။

ခြေစွမ်းကျဆင်းနေမှုကိုပြင်ဆင်နိုင်ခြင်းမရှိသောကြောင့် လိုင်လီနည်းပြဟောင်း ဂါစီယာမှာရိုးမားအသင်းကို စွန့်ခွာခဲ့ရပြီး ရိုးမားအသင်းပိုင်ရှင် ပါလော့တာက 'ပြောင်းလဲချိန်တန်ပြီ'ဟု အသင်းပိုင်ဝက်ဘ်ဆိုက်မှထုတ်ပြန်သောကြောညာချက်တွင် ပြောဆိုခဲ့သည်။

"ရိုးမားတစ်သင်းလုံးကိုယ်စားနဲ့ ကျွန်တော့်ကိုယ်တိုင်အတွက်ပြောရမယ်ဆိုရင် အသင်းအတွက်စရောက်ကတည်းက ကြိုးပမ်းစွမ်းဆောင်ပေးခဲ့ တဲ့ ဂါစီယာကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။

သူကိုင်တွယ်တဲ့ကာလအတွင်းမှာ ကျွန်တော်တို့ပျော်ရွှင်ရတဲ့ အခိုက်အတန့်တွေရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်ဟာ ပြောင်းလဲချိန်တန်ပြီလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်"ဟု ပါလော့တာက ပြောသည်။

ရိုးမားအသင်း စီးရီးအေအမှတ်ပေးဇယား အဆင့် ၅ နေရာတွင်ရှိနေပြီး ဇယားထိပ်မှနာပိုလီနှင့် ခုနစ်မှတ်ကွာနေချိန်တွင် ထွက်ခွာသွားရသော ဂါစီယာ၏နေရာတွင် နည်းပြဟောင်း စပယ်လက်တီပြန်ရောက်လာမည်ဟုလည်း သတင်းများကျယ်ပြန့်စွာထွက်ပေါ်နေသည်။

စပယ်လက်တီသည် ရိုးမားအသင်းကို လေးနှစ်ကြာကိုင်တွယ်ခဲ့စဉ်အတွင်း ကိုပါအီတာလီယာဖလားနှစ်ကြိမ်နှင့် စူပါကိုပါအီတာလီယာဖလား တစ်ကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly