တရုတ်-အီရန် သဘောတူညီချက်ကြောင့် အမေရိကန် ဒေါသထွက်

တရုတ်-အီရန် သဘောတူညီချက်ကြောင့် အမေရိကန် ဒေါသထွက်

အမေရိကန်အတွက် စိုးရိမ်မှုဖြစ်စေသော အီရန်နှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တရုတ်က ပုံဖော်ခြင်းဖြင့် အရှေ့အလယ်ပိုင်းတွင် အမေရိကန်သြဇာလွှမ်းမိုးမှုကို အစားထိုးရန် ကြိုးစားလာခဲ့သည်။

အမေရိကန်၏ အဓိကရန်ဘက်ဖြစ်သည့် တရုတ်နှင့် အီရန်တို့သည် ရုရှားနှင့် အတူ စီးပွားရေးနှင့် နိုင်ငံရေးအရ ဆက်ဆံမှုများ အားကောင်းစေရန် ရည်ရွယ်၍ အမေရိကန်ဒေါ်လာ ၄၀ဝ ဘီလီယံတန်ဖိုးရှိ ၂၅ နှစ်တာ ကာလ အတွက် သဘောတူညီချက်ကို တရားဝင် လက်မှတ်ရေးထိုးခဲ့ကြောင်း Geopoliticaက ဆိုသည်။

၂၀၁၈ ခုနှစ်တွင် အမေရိကန်က တဖက်သတ် နုတ်ထွက်ခဲ့သော အင်အားကြီးနိုင်ငံများနှင့် ၂၀၁၅ခုနှစ် နျူက လီးယားသဘောတူညီချက်ကို ပြန်လည်အသက်သွင်းရန် အီရန်၏ ကြိုးပမ်းမှုများကို တရုတ်က ထောက်ခံခဲ့ သည်ဟု ဗာလီရီရို ဘတ်ဘရီက Gepoliticaတွင် ရေးသားခဲ့သည်။

တစ်ချိန်တည်းမှာပင် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုကို ခံနေရသည့် တရုတ်နှင့် အီရန်တို့သည် ၂၀၂၁ခုနှစ် မတ်လတွင် ၂၅နှစ်တာကာလအတွက်သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြင့် အီရန်သည် တရုတ်၏ ခါးပတ်လမ်းစီမံကိန်းတွင် ပါဝင်လာခဲ့သည်။

တရုတ်ငွေများကြောင့် အီရန်အပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများ၏ ထိရောက်မှုများ မလွဲမသေ အားနည်းသွားစေမည်ကို စိုးရိမ်နေကြပြီး ယင်းကြောင့် နျူကလီးယားအစီအစဉ်နှင့်ပတ်သက်သည့် အနာဂတ်စေ့စပ်ညှိနှိုင်းမှုများအားလုံးကို ပိုမိုခက်ခဲလာမည်ကို စိုးရိမ်နေကြသည်။

ထို့အပြင် တရုတ်-အီရန်သဘောတူညီချက်တွင် အမေရိကန်၊ အစ္စရေးနှင့် ဆော်ဒီအာရေးဗီးယားတို့ကို အလွန် စိုးရိမ်မှုများဖြစ်စေနိုင်သည့် ပူးပေါင်းသင်တန်း၊ လေ့ကျင့်မှု၊ လက်နက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထောက်လှမ်း ရေး သတင်းမျှဝေမှုတို့ကို အလေးထား ဆောင်ရွက်သွားရန်လည်း နှစ်ဖက်စလုံးက သဘောတူထားသည်။

ရုရှားနှင့် ပူးပေါင်းကာ တရုတ်နှင့် အီရန်နှစ်နိုင်ငံစလုံးသည် အိန္ဒိယသမုဒ္ဒရာတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ် နေပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၊ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတို့တွင် ရုရှားတွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း Gepoliticaတွင် ဘတ်ဘရီက ရေးသားခဲ့သည်။

သို့သော်လည်း ပင်လယ်ကွေ့ဒေသရှိ အခြားအာရပ်အစိုးရများနှင့် ဆက်ဆံရေးကောင်းမွန်စေရန် တရုတ်၏ တပြိုင်နက်တည်း ကြိုးပမ်းမှုများကြောင့် အီရန်နှင့် စစ်ရေးအရ ဆက်ဆံရေးကို တင်းမာစေမည်ဖြစ်သည်။

မကြာသေးမီက တရုတ်အာဏာပိုင်များသည် ဆော်ဒီအာရေးဗီးယား၊ အိုမန်၊ ကူဝိတ်နှင့် ဘာရိန်းနိုင်ငံခြားရေး ဝန်ကြီးများနှင့်လည်း တွေ့ဆုံခဲ့ခြင်းကြောင့် အီရန်နှင့် ပြုလုပ်မည့် မည်သည့်စစ်ရေးဆိုင်ရာ သဘောတူညီချက် မဆို အဆိုပါနိုင်ငံများကို စိတ်အနှောင့်အယှက်မဖြစ်စေရန် လိုအပ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly