ကမ္ဘာ့နိုင်ငံများက အားပေးမှုများရှိသော်လည်း တိဘက်တွင် တရုတ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်ရှိနေ

ကမ္ဘာ့နိုင်ငံများက အားပေးမှုများရှိသော်လည်း တိဘက်တွင် တရုတ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်ရှိနေ

ဘာသာရေးလူနည်းစုများအပေါ် ဖိနှိပ်မှုကို ရပ်တန့်ရန် တရုတ်အပေါ် ကမ္ဘာလုံးဆိုင်ရာ ဖိအားများရှိနေ သော် လည်း တိဘက်ဘုန်းကြီးကျောင်းများနှင့် ဗုဒ္ဓရုပ်ပွားတော်များကို ဖြိုဖျက်ကာ တိဘက်အလံများကို ပိတ်ပင်ပြီး မြေယာအခွင့်အရေးကို တောင်းဆိုခြင်းဖြင့် တိဘက်များကို ဆက်လက် ပစ်မှတ်ထားခဲ့သည်။

တရုတ်အစိုးရ၏ ဖိနှိပ်ချုပ် ချယ်သော လှုပ်ရှားမှုများသည် တိဘက်ယဉ်ကျေးမှုကို ကျဆင်းစေရန် ရည်ရွယ် သည်ဟု တိဘက်လူမျိုးများနှင့် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြားထားသည်။

လူမဆန်စွာ ပြုမှုဆက်ဆံမှုတွင် ဘုန်းကြီးကျောင်းများနှင့် ဗုဒ္ဓရုပ်ပွားတော်များကို ဖြိုဖျက်ခြင်း၊ တိဘက်အလံများ ကို တားမြစ်ခြင်း၊ မြေယာအခွင့်အရေး တောင်းဆိုခြင်း စသည်တို့ ပါဝင်သည်။

ယင်းအရာအားလုံးကြောင့် စည်းရုံးလှုံ့ဆော်ရေးအဖွဲ့များနှင့် အစိုးရများက အလွန်စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြပြီး တိဘက်လူမျိုးများနှင့် ယင်းတို့၏ ယဉ်းကျေးမှုဟောင်းများကို ဖိနှိပ်ချုပ်ချယ်ခြင်းအား ရပ်တန့်ရန် အစီအစဉ်များကို စဉ်းစားလာစေခဲ့ကြောင်း Tibet Press သတင်းဌာနက ဖော်ပြခဲ့သည်။

လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်က တိဘက်ဒေသ ဒရာဂိုမြို့ရှိ ဂါဒင်နမ်ဂယ်လင်း ဘုန်းတော်ကြီး ကျောင်းရှိ ၉၉ ပေမြင့်သော မိုင်ထရီယာဗုဒ္ဓဆင်းတုတော်အား အဆောက်အအုံအတွင်း မီးဘေးကင်းလွတ်ရန် ထွက်ပေါက်မရှိဟုဆိုကာ ဖြိုချဖျက်ဆီးခဲ့သည်။

တရုတ်အာဏာပိုင်များက တိဘက်ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို ကျူးကျော်ဝင်ရောက်ကာ ဆုတောင်း ဘီး ၄၅ ဘီး ဖြိုခွဲဖျက်ဆီးခဲ့ပြီး မကျေနပ်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည့် လူအများအပြားကို ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည်။

တိဘက်သတင်းဌာန၏ အဆိုအရ ထိန်းသိမ်းခံရသူများထဲတွင် ဘုန်းကြီးများနှင့် အမျိုးသမီးများ ပါဝင်သည်။

တရုတ်နိုင်ငံပြင်ပတွင် နေထိုင်သော တိဘက်လူမျိုးများထံ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း အစီရင်ခံစာများ ပေးပို့ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly