လစ်သူယေးနီးယားအား ပစ်မှတ်ထားသည့် တရုတ်ကို ဥရောပသမဂ္ဂက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် တိုင်ချက်ဖွင့်

လစ်သူယေးနီးယားအား ပစ်မှတ်ထားသည့် တရုတ်ကို ဥရောပသမဂ္ဂက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် တိုင်ချက်ဖွင့်

ဥရောပသမဂ္ဂ၏ တစ်ခုတည်းဈေးကွက်မှ အခြားပို့ကုန်များကိုလည်း ထိပါးစေနိုင်သဖြင့် လစ်သူယေးနီးယား အပေါ် ခွဲခြားဆက်ဆံသည့် ကုန်သွယ်မှုဆိုင်ရာ ကျင့်ထုံးများနှင့်ပတ်သက်၍ တရုတ်နိုင်ငံအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တွင် ဥရောပသမဂ္ဂက တိုင်ချက်ဖွင့်လိုက်သည်။

အဖွဲ့ဝင် ၂၇ နိုင်ငံပါ ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် တရုတ်က လစ်သူယေးနီးယားနှင့် အခြား ဥရောပ သမဂ္ဂနိုင်ငံများမှ တင်ပို့သည့် လစ်သူယေးနီးယား ထုတ်ကုန်များကို ပစ်မှတ်ထားသောကြောင့် အဆိုပါ လုပ်ရပ်များသည် အဆိုပါ နိုင်ငံများမှ ပို့ကုန်လုပ်ငန်းရှင်များကို ထိခိုက်နစ်နာစေသည်ဟု ဆိုသည်။

နှစ်နိုင်ငံစလုံးက ပြေလည်အောင် ဖြေရှင်းရန် ကြိုးပမ်းမှုများ မအောင်မြင်သဖြင့် ဥရောပသမဂ္ဂသည် တရုတ် နိုင်ငံအပေါ် အငြင်းပွားမှု ဖြေရှင်းရေး လုပ်ငန်းစဉ်များကို စတင်လုပ်ဆောင်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

“WTO မှာ တိုင်ချက်ဖွင့်လိုက်တာက ကျွန်တော်တို့က ပေါ့ပေါ့တန်တန်သဘောထားပြီး ဆောင်ရွက်လိုက်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပြဿနာကို နှစ်ဖက်သဘောတူ ဖြေရှင်းဖို့ ထပ်ခါတလဲလဲ ကြိုးပမ်းမှုတွေ မအောင်မြင်တဲ့အခါ WTO အငြင်းပွားမှု ဖြေရှင်းရေး ဆွေးနွေးမှုတွေကို တောင်းဆိုဖို့ကလွဲလို့ တရုတ်နဲ့ အခြားနည်းလမ်း မတွေ့ရှာမတွေ့တော့ပါဘူး”

မိမိတို့၏ တစ်ခုတည်းသောဈေးကွက်၏ ဂုဏ်သိက္ခာကို ခြိမ်းခြောက်နေသည့် WTO စည်းမျဉ်းများကို ချိုးဖောက်သည့်အစီအမံများကို တစ်စုတစ်စည်းတည်းနှင့် အမြန်ဆုံး အရေးယူနိုင်ရေး ဥရောပသမဂ္ဂက ဆုံးဖြတ်ထားသည်။

“အခြေအနေကို အရှိန်လျော့သွားအောင် သံတမန်ရေးရာ ကြိုးပမ်းမှုတွေကို တပြိုင်တည်း လုပ်ဆောင်နေပါ တယ်” ဟု ကုန်သွယ်ရေး အမှုဆောင် ဒုတိယဥက္ကဌနှင့် ကော်မရှင်နာ ဗာဒစ် ဒွန်ဘရိုဗစ်စကီးက ပြောကြား ခဲ့သည်။

၂၀၂၁ခုနှစ် ဒီဇင်ဘာလမှစတင်၍ တရုတ်နိုင်ငံသည် လစ်သူယေးနီးယားသို့ တင်ပို့မှုနှင့် လစ်သူယေးနီးယား နိုင်ငံနှင့် ချိတ်ဆက်ထားသော သွင်းကုန်များကို ပြင်းထန်စွာ ကန့်သတ်ခြင်း သို့မဟုတ် စတင်ပိတ်ပင်ခဲ့သည်။

ကော်မရှင်သည် အဆိုပါကိစ္စကို တရုတ်အာဏာပိုင်များထံ အကြိမ်ကြိမ်တင်ပြခဲ့သည်။

ဥရောပကော်မရှင်က တရုတ်၏ ကန့်သတ်မှု အမျိုးအစားအမျိုးမျိုးကို သက်သေ အထောက်အထားများ ပြုစုထားသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required