တရုတ်က လစ်သူယေးနီးယားကို လျှော့တွက်ခဲ့

By Taipei Times
02 February 2022
တရုတ်က လစ်သူယေးနီးယားကို လျှော့တွက်ခဲ့

၂၀၂၁ခုနှစ်တွင် ထိုင်ဝမ်ကို ကိုယ်ပိုင်အမည်ဖြင့် သံရုံးအဆင့်ရှိသည့် ကိုယ်စားလှယ်ရုံးဖွင့်ခွင့်ပြုခဲ့သောကြောင့် လစ်သူယေးနီးယားနှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတင်းမာခဲ့ရသည်။

အခြားသူများကို အနိုင်ကျင့်ရန် စီးပွားရေးအင်အားကို အသုံးပြုနေသည့် တရုတ်သည် လစ်သူယေးနီးယားကို လျှော့တွက်ထားသည်။

လစ်သူယေးနီးယား အစိတ်အပိုင်းများပါရှိသော ကုန်ပစ္စည်းများကို လူဝင်မှု ကြီးကြပ်ရေးကိစ္စရှင်းလင်းရန် တရုတ်အကောက်ခွန်က ငြင်းဆိုထားကြောင်း ဥရောပသမဂ္ဂ (EU) ကုန်သွယ်ရေးအရာရှိက ပြောကြား သောအခါ တရုတ်က ယင်းကဲ့သို့ မဟုတ်ကြောင်း ငြင်းချက်ထုတ်ခဲ့သော်လည်း အချိန်နှောင်း သွား ပြီးဖြစ်သည်။ တရားမျှတမှုမရှိသော ကုန်သွယ်မှုအစီအမံများချမှတ်သည့်အတွက် ဥရောပသမဂ္ဂ၏ နောက်ဆုံးစည်းကို တရုတ်က ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

သံတမန်ရေးရာ အငြင်းပွားမှုမှ အစပြုချက်သည် ဥရောပတစ်ခုတည်းသော ဈေးကွက်ကို တိုက်ခိုက်ခြင်းမှ ကာကွယ်ခြင်းနှင့်သက်ဆိုင်သော ပြဿနာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဥရောပသမဂ္ဂဥက္ကဌအဖြစ် တာဝန်ယူခဲ့သည့် ပြင်သစ်က အကျပ်ကိုင်သည့် ကုန်သွယ်မှုဆိုင်ရာ အစီအမံများကို တန်ပြန် တုံ့ပြန်ရန် စိတ်အားထက်သန်ခဲ့သည်။

တရုတ်သည် လစ်သူယေးနီးယားသမ္မတ ဂီတာနက်စ် နူစီဒါနှင့် ဝန်ကြီးချုပ် ဆိုင်မွန်ရပ်တို့ကြား ရန်တိုက်ပေးရန် ကြိုးပမ်းခဲ့သည်။ ထိုင်ဝမ် ကိုယ်စားလှယ်ရုံး အမည်ပြောင်းလဲခြင်းတွင် တိုင်ပင်ခြင်းမပြုသဖြင့် သမ္မတက စိတ်အနှောင့်အယှက်ဖြစ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

လစ်သူယေး နီးယားနိုင်ငံခြားရေးဝန်ကြီး လန်စ်ဘာဂစ်က ထိုင်ဝမ်ကို ထောက်ခံကြောင်း ထပ်လောင်း ပြောကြားနေချိန်တွင် သမ္မတ နူစီဒါက နိုင်ငံခြားဆက်ဆံရေးတွင် ယင်း၏ လုပ်ပိုင်ခွင့် အာဏာကျဆင်း နေသည့်အတွက် ကြောက်ရွှံ့ထိတ်လန့်သည့်ခံစားချက်များကို ဖော်ပြနေခြင်းက တရုတ်ကို အကြီးအကျယ် စိတ်ပျက်စေသည်။

ကုန်သွယ်ဖက်များကို အခွင့်ကောင်းယူရန် တရုတ်၏ လိုလားမှုကြောင့် အင်အားကြီးနိုင်ငံများနှင့် အစုအဖွဲ့ များနှင့် ဆက်ဆံရေးကို ဆိုးရွားစေခဲ့သည်။

ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် နေတိုးနိုင်ငံများ၏ လစ်သူယေးနီးယားကို ကျောထောက်နောက်ခံပြုခြင်းသည် မဟာမိတ်တစ်ဦးကို ခုခံကာကွယ်ခြင်းသာမက တရုတ်ကို သင်ခန်းစာတစ်ခု သင်ပေးခြင်းလည်း ဖြစ်သည်။

ဥရောပပါလီမန်သည် ဖေဖော်ဝါရီလတွင် နိုင်ငံခြားရေးမူဝါဒ ပြန်လည်သုံးသပ်မှု ၂ ခုကို မဲပေးခြင်းဖြင့် ထိုင်ဝမ်ကို ဆက်လက်ထောက်ခံမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly