ဆွမ်ပရာဘွမ် နှင့် ပူတာအိုကြားရှိ စစ်စခန်းကို KIA နှင့် PDF ပူးပေါင်းအဖွဲ့များ ဝင်သိမ်း

ဆွမ်ပရာဘွမ် နှင့် ပူတာအိုကြားရှိ စစ်စခန်းကို KIA နှင့် PDF ပူးပေါင်းအဖွဲ့များ ဝင်သိမ်း

ဖေဖော်ဝါရီလ ၁ ရက်

ကချင်ပြည်နယ် မြစ်ကြီးနား -ဆွမ်ပရာဘွမ် -ပူတာအို လမ်းပိုင်း၊ ဆွမ်ပရာဘွမ် နှင့် ပူတာအို ကြား ဆွမ်ပီယန် ရွာအနီးရှိ စစ်ကောင်စီ တပ်တစ်ခန်း တစ်ခုကို ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့များက ယနေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက် ၁၀ နာရီခန့်တွင် ဝင်ရောက်သိမ်းပိုက်လိုက်ကြောင်း ဒေသခံများထံက သိရသည်။

KIA တပ်မဟာ (၁) လက်အောက်ရှိ တပ်ရင်း (၇) မှ KIA တပ်ဖွဲ့ ဝင်များနှင့် PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက် သိမ်းပိုက်ကာ စခန်းကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ဆွမ်ပီယန် ရွာသားများမှာမူ တိုက်ပွဲတွင်း လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကြောင့် ကြောက်လန့်ကာ ထွက်ပြေး တိမ်းရှောင် နေရသည်ဟု ဆိုသည်။

မြစ်ကြီးနား-ပူတာအို လမ်းပိုင်းသည် စစ်ကောင်စီ တပ်ဖွဲ့များနှင့် KIA နှင့် PDF အဖွဲ့များ မကြာခဏ ဆိုသကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားသည့် နေရာ ဖြစ်ပြီး ယင်းလမ်းပိုင်းကို KIA က အပြည့်အဝ ထိန်းချုပ် ထားကြောင်းလည်း ဒေသခံများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required