ပေကျင်းမြို့တော်တွင် ပြင်းထန်သည့် ကိုဗစ်ကပ်ရောဂါဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရ

ပေကျင်းမြို့တော်တွင် ပြင်းထန်သည့် ကိုဗစ်ကပ်ရောဂါဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ကိုဗစ်-၁၉ အခြေအနေသည် ပြင်းထန်ရှုပ်ထွေးနေပြီး မြို့တွင်း၌ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးမှုများ ပြုလုပ်သလို အန္တရာယ်ျားသော ဒေသများရှိ ပြည်သူများအတွက် ခရီးသွားလာမှု ကန့်သတ်ချက်များ ချမှတ်ထားကြောင်း ANI သတင်းဌာနက ဖော်ပြခဲ့သည်။

ရောဂါ ပြင်းထန်ရှုပ်ထွေးနေသည့် အခြေအနေနှင့် ပတ်သက်၍ ပေကျင်းမြူနီစီပယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ရှီဟီကျန်းက ဇန်နဝါရီလ ၂၃ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားချက်ကို ကိုးကား၍ Global Times သတင်းစာတွင် ဖော်ပြခဲ့သည်။

လွန်ခဲ့သည့်သီတင်းပတ်အတွင်း စုစုပေါင်းကူးစက်ခံရသူ ၄၃ ဦး စာရင်းရရှိခဲ့သလို ဇန်နဝါရီလ ၂၃ရက်က မြို့တော်ပေကျင်းတွင် ပြည်တွင်းကူးစက်မှုအသစ် ၉ ခုကို ထုတ်ပြန်ခဲ့ပြီးနောက် အဖျား၊ ချောင်းဆိုးခြင်းနှင့် အခြားဆေးဝါးများဝယ်ယူခြင်းအတွက် နျူကလိစ်အက်ဆစ်စမ်းသပ်မှုပြုလုပ်ရန် လိုအပ်ကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။

ပေကျင်းမြူနီစီပယ်ကျန်းမာရေးကော်မရှင်၏ လက်ထောက်ညွှန်ကြားရေးမှူး လီအန်းက ဇန်နဝါရီလ ၂၃ရက်က စတင်ကာ အဖျား၊ ချောင်းဆိုး၊ ရောဂါပိုးဝင်ခြင်းနှင့် လည်ချောင်းနာချောင်းခြောက်ဆိုးခြင်းနှင့်ဆက်စပ်သော ဆေးဝါးများကို ဝယ်ယူသူများသည် ပြီးခဲ့သည့် ၁၄ ရက်အတွင်း သို့မဟုတ် ၇၂ နာရီနာရီအတွင်း နျူကလိစ် အက်ဆစ်စမ်းသပ်မှု ခံယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပီကင်းတက္ကသိုလ်ပထမဆေးရုံမှ အသက်ရှုလမ်းကြောင်းရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဝမ်ကွမ်ဖန်က Omicron မျိုးကွဲက အချိန်တိုတိုနှင့် ကူးစက်ခြင်းနှင့် ဆောင်းရာသီတွင် အပူချိန်နိမ့်ကျခြင်းတို့ကြောင့် ပေကျင်းမြို့တွင် လက်ရှိကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများမှာ ခက်ခဲကြောင်း ပြောကြားခဲ့သည်ဟု Global Times က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly