မြစ်ကြီးနားမြို့ Asia Energy ဆီဆိုင်ရှေ့ရှိ MPT ဆက်သွယ်ရေးစက် မိုင်းခွဲခံရ

မြစ်ကြီးနားမြို့ Asia Energy ဆီဆိုင်ရှေ့ရှိ MPT ဆက်သွယ်ရေးစက် မိုင်းခွဲခံရ

ဇန်နဝါရီလ ၂၉ ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်နှင့် မြို့သစ်ကြီးရပ်ကွက် လမ်းဆုံ၊ Asia Energy ဆီဆိုင်ရှေ့ရှိ MPT ဆက်သွယ်ရေးစက် ယနေ့ ဇန်နဝါရီလ ၂၉ ရက် နံနက် ၃ နာရီ မိနစ် ၂၀ ခန့်တွင် မိုင်းခွဲဖျက်ဆီး ခံခဲ့ရသည်။ 

ယင်းဆက်သွယ်ရေးစက် မိုင်းခွဲခံရသည့် အပိုင်းအစများ အနီးရှိ နေအိမ် အချို့နှင့် Asia energy ဆီဆိုင် များသို့ လွင့်စင်ကာ ထိခိုက်ပျက်စီးမှု အချို့ ရှိခဲ့ကြောင်း အနီးတွင် နေထိုင်သူများက ပြောသည်။

ပေါက်ကွဲမှုအသံ အလွန်ကျယ်လောင်၍ အနီးရှိ ဒေသခံများ ထိတ်လန့်ခဲ့ကြောင်း ဆိုသည်။ 

ဇန်နဝါရီ ၂ ၇ရက် ည ၈ နာရီခန့်ကလည်း မြစ်ကြီးနားမြို့ အင်ဂျန်ဒုံ တပ်ကုန်းရပ်ကွက် အနီးတွင် ဗုံးကွဲသံ၊ သေနတ်ပစ်သံများ အဆက်မပြတ် ကြားခဲ့ရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required