အိုလံပစ်ပြိုင်ပွဲကာလအတွင်း နိုင်ငံရေးထုတ်ပြန်ချက်များ ပြုလုပ်သည့် ပြည်ပအားကစားသမားများ အပြစ်ပေးခဲ့ရမည်ဟု တရုတ်အစိုးသတိပေး

By NY Post
29 January 2022
အိုလံပစ်ပြိုင်ပွဲကာလအတွင်း နိုင်ငံရေးထုတ်ပြန်ချက်များ ပြုလုပ်သည့် ပြည်ပအားကစားသမားများ အပြစ်ပေးခဲ့ရမည်ဟု တရုတ်အစိုးသတိပေး

အားကစားပွဲများအတွင်း အများပြည်သူလွတ်လပ်ခွင့်ကို စိုးရိမ်သည် လူ့အခွင့်အရေးလှုပ်ရှားသူများ၏ အလားတူသတိပေးချက်ထွက်ပေါ်လာပြီးနောက် ပြည်ပအားကစားသမားများသည် အိုလံပစ်စိတ်ဓာတ်ကျင်းပခြင်းကို ဆန့်ကျင်သည့် ပြောကြားမှုများအတွက် ပြစ်ဒဏ်ကျခံရနိုင်ကြောင်း တရုတ်က သတိပေးခဲ့သည်။

ပေကျင်းကျင်းပရေးကော်မတီ (BOC) ၏ နိုင်ငံတကာဆက်ဆံရေးလက်ထောက်ညွှန်ကြားရေးမှူးချုပ် ရန်စူးက “အိုလံပစ်စိတ်ဓာတ်နဲ့ လိုက်လျောညီထွေရှိတဲ့ မည်သည့်ဖော်ပြချက်မျိုးကိုမဆို အကာအကွယ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ရှင်းရှင်းလင်းလင်း သတိပေးခဲ့သည်။

“အထူးသဖြင့် တရုတ်ရဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို ဆန့်ကျင်တဲ့ အပြုအမူ ဒါမှမဟုတ် ပြောဆိုမှု မှန်သမျှက ပြစ်ဒဏ်ချမှတ်ခံရပါမယ်” ဟု ဇန်နဝါရီ ၂၅ရက် သတင်းစာရှင်းလင်းပွဲတွင် ယန်က အလေးအနက် ပြောကြားခဲ့သည်။

နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ၏ စည်းမျဉ်းအမှတ် ၅၀တွင် "ဆန္ဒပြပွဲ သို့မဟုတ် နိုင်ငံရေး၊ ဘာသာရေး သို့မဟုတ် လူမျိုးရေးအရ ဝါဒဖြန့်မှုများအား အိုလံပစ်နေရာ၊ လမ်းမများ သို့မဟုတ် အခြားနေရာ များတွင် ခွင့်မပြုကြောင်း" ဆိုထားရာ မည်သည့်အားကစားနည်းတွင်မဆို နိုင်ငံရေးဆန္ဒပြမှုများကို အပြစ်ပေးမည် ဖြစ်သည်။

မွတ်စလင်လူများစုဖြစ်သော ဝီဂါလူမျိုးများကို တရုတ်အစိုးရ ဆက်ဆံပုံများနှင့် တိဘက်၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့တွင် ရဲတပ်ဖွဲ့များ ပြုမူပုံများသည် အိုလံပစ်ပွဲတော်မတိုင်မီ ပိုမိုဆိုးရွားလာနေသည်။

ဆန္ဒပြမှုများအတွက် မည်သည့်ပြစ်ဒဏ်များကို ချမှတ်နိုင်သည်ကို “ကျင့်သုံးသောဒေသခံဥပဒေ” နှင့် သက်ဆိုင် နေသဖြင့် လူထုမိန့်ခွန်းနှင့် ပတ်သက်ပြီး တင်းကျပ်သော ဥပဒေများကို ယခင်ကလည်း အသုံးပြုခဲ့ဖူးသဖြင့် ပေကျင်း အားကစားပွဲ များတွင် ပြင်းထန်သောပြစ်ဒဏ်များတွေ့နိုင်သည်ဟူသော စိုးရိမ်မှုများ မြင့်တက်လာ စေခဲ့သည်။

“ ရာဇဝတ်မှုတွေအတွက် တရုတ်ဥပဒေတွေက သိပ်ကို မရေမရာ ဖြစ်နေလို့ ဒီဥပဒေတွေကို လူတွေကို လွတ်လပ်စွာ ပြောဆိုခွင့်ကို တရားစွဲဖို့ သူတို့အသုံးပြုနိုင်ပါတယ် ” ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူ ယာချိန်ဝမ်က ပြဿနာကို လှုံ့ဆော်ခြင်း သို့မဟုတ် အဖျက်အမှောင့် လှုံ့ဆော်မှုအတွက် ဖြစ်နိုင်ချေရှိသော စွပ်စွဲချက်များကို ကိုးကား၍ ပြောကြားခဲ့သည်။

တရုတ်ပြည်တွင် လူသိရှင်ကြားထုတ်ဖော်ပြောဆိုသူများသည် မြင်သာသည့် အပြစ်ဒဏ်များခံရလေ့ရှိပြီး၊ တရုတ်တင်းနစ်အကျော်အမော် ပန်းဆွေသည်လူမှုကွန်ရက် Weiboတွင် တရုတ်အရာကြီးဟောင်းတစ်ဦးက သူမကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ကြောင်း အခိုင်အမာပြောဆိုခဲ့ပြီးနောက် လူမြင်ကွင်းမှ သီတင်းနှစ်ပတ်ကြာ ပျောက်ကွယ်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly