မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ကိုင်ခြင်းက ဘေးအန္တရာယ်များကြောင်း ဂျိုးဘိုင်ဒင်အစိုးရ သတိပေး 

မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ကိုင်ခြင်းက ဘေးအန္တရာယ်များကြောင်း ဂျိုးဘိုင်ဒင်အစိုးရ သတိပေး 
Photo - UPI

ဇန်နဝါရီလ ၂၇ ရက်

စစ်တပ်က အာဏာသိမ်းပြီး မြန်မာနိုင်ငံကို ထိန်းချုပ်ထားသည့် တစ်နှစ်မပြည့်ခင် အမေရိကန် ဂျိုး ဘိုင်ဒင် အစိုးရက အာရှရှိ မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ကိုင်ခြင်း၏ ဘေးအန္တရာယ် ရှိနိုင်သည်ကို မီးမောင်းထိုး သတိပေးလာသည်။ 

အရှေ့တောင်အာရှ မြန်မာနိုင်ငံ၌ ၂၀၂၀ ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သား ရွေးကောက်ခံခေါင်းဆောင်မှုကို စစ်တပ်က ဖယ်ရှားလိုက်ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ပါတီ တောင်ပြိုကမ်းပြို အနိုင်ရသော ရွေးကောက်ပွဲ၌ မဲမသမာမှု ရှိသည် အကြောင်းပြလျက် အာဏာသိမ်းယူခဲ့ခြင်း ဖြစ်သည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေးခေါင်းဆောင်များကို ဖမ်းဆီးပြီးနောက် စစ်တပ်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖြစ် နိုင်ငံအား ချုပ်ကိုင်လာသော်လည်း ပြည်သူများ၏ ကန့်ကွက်ဆန့်ကျင်မှုများနှင့် တွေ့ဆုံရာက ဖိနှိပ်နိုင်ရေးအတွက် အကြမ်းဖက်ဖြိုခွင်းမှုများ ဆက်လက်ကျုးလွန်လာခဲ့သည်။ 

ယင်းကို တုံ့ပြန်ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဗြိတိန်အပါအဝင် အနောက်မဟာမိတ်များက မြန်မာစစ်ကောင်စီ တာဝန်ရှိသူများနှင့် အစိုးရအဖွဲ့အစည်းများကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လာခဲ့သည်။ 

ဗုဒ္ဓဟူးနေ့၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် အလုပ်သမားဝန်ကြီးဌာနတို့အပြင် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးတို့က အမေရိကန်ပြည်သူများ၊ အမေရိကန်စီးပွားရေးလုပ်ငန်းများနှင့် ဘဏ္ဍာရေးအသင်းအဖွဲ့များအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းကိုင်ငန်း လုပ်ကိုင်ခြင်းက ဘေးအန္တရာယ်များကြောင်းကို သတိပေးချက် ထုတ်ပြန်လာသည်။ 

မြန်မာနိုင်ငံ၌ စီးပွားရေး လုပ်ကိုင်သူများသည် “အမေရိကန်၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ခြင်းအပါအဝင် ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ ဘေးအန္တရာယ် ရှိသည့်အပြင် လူအခွင့်အရေး ချိုးဖောက်မှုများကို အားပေးကူညီရာ ရောက်ကြောင်” နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နက်ဒ် ပရက်စ်က ထုတ်ပြန်ချက်၌ သတိပေးခဲ့ခြင်း ဖြစ်သည်။ 

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၌ စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှု၏ တရားဝင်ဥပဒေနှင့် ညီညွတ်မှုကို လျှော့ချခြင်း မရှိဟု နက်ဒ် ပရက်စ်က ဆိုသည်။ သို့ရာတွင် “စစ်တပ်သည် ဥပဒေစိုးမိုးမှုကို ယိုင်နှဲ့နေပြီး အကျင့်ပျက်ခြစားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေသကဲ့သို့ ဆိုးဝါးသည့် လူ့အခွင့်အရေး ချိုးမောက်မှုများကို ကျူးလွန်နေခြင်းကြောင့် မြန်မာတွင် လုပ်ငန်းလုပ်ကိုင်သော နိုင်ငံခြား စီးပွားရေးနှင့် မြန်မာစီးပွားရေးလုပ်ငန်းကိုင်ငန်းများသို့ ဘဏ္ဍာရေးဝန်ဆောင်မှု ပေးခြင်းများက ဘေးအန္တရာယ်ကို ပိုမို ဆိုးဝါးစေကြောင်း” သတိပေးထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required