တရုတ်နည်းပညာကုမ္ပဏီများက ဝန်ထမ်းအင်အားလျှော့ချနေသလို နိုင်ငံတွင်း အလုပ်လက်မဲ့ဦးရေလည်း ပိုများလာ

တရုတ်နည်းပညာကုမ္ပဏီများက ဝန်ထမ်းအင်အားလျှော့ချနေသလို နိုင်ငံတွင်း အလုပ်လက်မဲ့ဦးရေလည်း ပိုများလာ

တရုတ်နိုင်ငံရှိ နည်းပညာကုမ္ပဏီများသည် ဝန်ထမ်းအင်အားအများအပြား လျှော့ချနေပြီး နိုင်ငံအတွင်း၌ အလုပ်လက်မဲ့ဦးရေ များပြားလာလျက်ရှိသည်။

တစ်ချိန်က အင်တိုက်အားတိုက်လုပ်ဆောင်ခဲ့သော တရုတ်နိုင်ငံ၏ အင်တာနက်နယ်ပယ်သည် ပြင်းထန်ပြီး ပြောင်းလဲလွယ်သော စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဖြိုခွင်းခံရမှုကြောင့် အလုပ်လက်မဲ့နည်းပညာ လုပ်သားအရေအတွက် မြင့်တက်လျက်ရှိသည်။

တရုတ်နိုင်ငံ၏ခေါင်းဆောင် မစ္စတာ ရှီကျင့်ဖျင်၏ လမ်းညွှန်မှုအောက်တွင် အစိုးရ၏ ပြင်းထန်သော ကိုင်တွယ်ပုံသည် နည်းလမ်းအမျိုးမျိုးဖြင့် ဝင်ရောက်စွက်ဖက်နေပြီး ကုမ္ပဏီများသည် ၎င်းတို့၏ ဗျူဟာများကို ကြိုတင်မှန်းဆနေရကာ ဖြိုခွင်းခံရမည့် ပစ်မှတ်မဖြစ်စေရန် ဆုတောင်းနေကြရသည်။

အာဏာအလွဲသုံးစားပြုမှုများကို ကန့်သတ်ရန်နှင့် အန္တရာယ်များကို လျော့ပါးစေရန် အမေရိကန်၏မိတ်ဖက်များကဲ့သို့သော တရုတ်၏ အကြီးမားဆုံးနည်းပညာကုမ္ပဏီများကို ထိန်းချုပ်ထားသည်။

ဖြိုခွင်းမှုသည် လွန်ခဲ့သည့် ၁၀ စုနှစ်များအတွင်း တရုတ်နိုင်ငံကို နည်းပညာအင်အားကြီးနိုင်ငံဖြစ်လာစေသည့် ဆန်းသစ်တီထွင်မှု၊ တီထွင်ဖန်တီးမှုနှင့် စွန့်ဦးတီထွင်မှုစိတ်ဓာတ်တို့ကို သတ်ပစ်လိုက်ခြင်းဖြစ်သည်။ ၎င်းသည် တရုတ်နိုင်ငံ၏ အကောင်းဆုံးနှင့် အတောက်ပဆုံးကို ဖြစ်စေခဲ့သော ကုမ္ပဏီများ၊ အမြတ် အစွန်းများနှင့် အလုပ်အကိုင်များကို ဖျက်ဆီးနေသည်။

အချို့အင်တာနက်ကုမ္ပဏီများကို ပိတ်ပစ်ရန် တွန်းအားပေးခဲ့သလို အချို့မှာ ဆုံးရှုံးမှုကြီးကြီးမားမား သို့မဟုတ် စိတ်ပျက်ဖွယ်ဝင်ငွေများကို ကြုံတွေ့နေရသည်။ ပြည်သူပိုင်စာရင်းသွင်းထားသော ကုမ္ပဏီများစွာ၏ ရှယ်ယာဈေးများမှာလည်း ထက်ဝက်ခန့် ကျဆင်းသွားသည်ကို မြင်တွေ့ခဲ့ရသည်။

ယမန်နှစ် တတိယ ၃လပတ်က တရုတ်၏အကြီးဆုံးအင်တာနက်ကုမ္ပဏီ Tencent သည် ၂၀၀၄ ခုနှစ်က အများပိုင်စာရင်းသွင်းပြီးနောက်ပိုင်း အနှေးကွေးဆုံးဝင်ငွေတိုးတက်မှုကို ထုတ်ပြန်ခဲ့သည်။ အွန်လိုင်းကူးသန်းရောင်ဝယ်ရေးကုမ္ပဏီကြီး Alibaba ၏အမြတ်အစွန်းသည် ယခင်နှစ်ကထက် ၃၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

အွန်လိုင်းပညာရေးနှင့် သင်ကြားရေးလုပ်ငန်းများသည် မိဘနှင့်ကလေးများအတွက် မလိုအပ်သောဝန်ထုပ်ဝန်ပိုးဖြစ်စေသလို နိုင်ငံ၏ ကလေးမွေးဖွားမှုနှုန်းကို မြှင့်တင်မှုကို အဟန့်အတားဖြစ်စေသည်ဟု တရုတ်အစိုးရက ဆုံးဖြတ်ပြီးနောက် ၎င်းကဏ္ဍများကို ဖယ်ရှားလုနီးပါး နှိမ်နင်းခဲ့ကာ ထောင်ပေါင်းများစွာသောလူများ အလုပ်ဆုံးရှုံးခဲ့ကြရသည်။

ဖြိုခွင်းမှုများသည် အလုပ်အကိုင်ဈေးကွက်အပေါ်လည်း အေးစက်သွားစေခဲ့သည်။ တရုတ်လူငယ်အတော်များများသည် လစာနည်းသော်လည်း ပိုမိုတည်ငြိမ်သောရာထူးရရှိရေးအတွက် အစိုးရအလုပ်များကို ရှာဖွေနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly