လူနည်းစုများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်သည့်နိုင်ငံတွင် ကျင်းပမည့် ပေကျင်းအိုလံပစ်ပွဲတော်

လူနည်းစုများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်သည့်နိုင်ငံတွင် ကျင်းပမည့် ပေကျင်းအိုလံပစ်ပွဲတော်

အစိုးရက ဝီဂါမွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများကျူးလွန်နေသည့် တရုတ်နိုင်ငံ၌ လာမည့်လတွင် စတင်ကျင်းပမည့် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်သည် ၎င်း၏ မိတ်ဖက်နိုင်ငံများ အားလုံးအား ရက်စက်ကြမ်းကြုတ်မှုကို ငြင်းဆိုသူများအဖြစ်သို့ အားလုံး၏မျက်စိရှေ့မှာပင် ပြောင်းလဲလိုက်ပြီဖြစ်သည်။

နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေးအကြောင်း ရေးသားသူ ဝါရှင်တန်ပို့စ်၏ Global Opinions ကဏ္ဍ ဆောင်းပါးရှင် ဂျော့ရှ်ရိုဂင်က လူနည်းစုများအပေါ် ရက်စက်ကြမ်းကြုတ်မှုအများအပြားကျူးလွန်သည့် နိုင်ငံ၌ အိုလံပစ်ပွဲတော်ကို ထပ်မံကျင်းပတော့မည်ဖြစ်ကြောင်း ယခုနှစ်တွင် ပြောကြားခဲ့သည်။

ဂျူးလူမျိုးတုံးသတ်ဖြတ်မှုမှ အသက်ရှင်ကျန်ရစ်သူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အယ်လီဝီဆဲလ်၏သား အယ်လီရှာဝီဆဲလ်ကပေကျင်းအိုလံပစ်ပွဲတော်နှင့် ဆက်စပ်နေသော လူတစ်ဦးချင်းစီနှင့် အဖွဲ့အစည်းတိုင်းသည် ဝီဂါများအပေါ် ရိုင်းစိုင်းသောဆက်ဆံမှုကို ဖုံးကွယ်မည့် တရုတ်အစိုးရ၏ ကြိုးပမ်းမှု အရှုပ်အထွေးကို ရှောင်ရှားရန် တာဝန်ရှိကြောင်း ရိုဂင်အား ပြောကြားခဲ့သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန့်ကျင်ပြောဆိုသူတိုင်းကို ငြင်းဆိုသည့် တရုတ်အစိုးရဘက်က တစိုက်မတ်မတ် ရပ်တည်သော နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) က အားကစားပွဲများသည် နိုင်ငံရေးကင်းရှင်းသည်ဟု အခိုင်အမာ ဆိုထားသည်။ ယခုသီတင်းပတ် သတင်းစာရှင်းလင်းပွဲတွင် ပေကျင်းအိုလံပစ်ပွဲတော်ကျင်းပရေးကော်မတီမှ ထိပ်တန်းအရာရှိတစ်ဦးက "အိုလံပစ်စိတ်ဓာတ် အထူးသဖြင့် တရုတ်ဥပဒေနှင့် စည်းမျဉ်းများကို ဆန့်ကျင်သည့် မည်သည့်အပြုအမူ သို့မဟုတ် ပြောဆိုမှုမဆို ပြစ်ဒဏ်ချမှတ်ခြင်းခံရမည်" ဟု ပြောကြားခဲ့သည်။ တရုတ်အစိုးရသည် အိုလံပစ်အားကစားသမားများအားလုံးအား ကျန်းမာရေးစောင့်ကြည့်မှု အပလီကေးရှင်းကို ဖုန်း၌ထည့်သွင်းရန်လည်း ညွှန်ကြားခဲ့ပြီး ၎င်းအပလီကေးရှင်းသည် အချက်အလက်နှင့် စကားပြောဆိုမှုများကို အန္တရာယ်ဖြစ်စေသော လုံခြုံရေးအားနည်းချက်များရှိကြောင်း အကျိုးအမြတ်မယူသော သုတေသနအဖွဲ့အစည်း Citizen Lab မှ ဇန်နဝါရီ ၁၈ ရက်က ထုတ်ပြန်သည့်အစီရင်ခံစာ၌ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly