ပေကျင်းအိုလံပစ်ပွဲအပြီး ၂၀၂၂ခုနှစ်တွင် တရုတ်က ပိုမိုသြဇာလွှမ်းမိုးရေး ကြိုးပမ်းမည်

ပေကျင်းအိုလံပစ်ပွဲအပြီး ၂၀၂၂ခုနှစ်တွင် တရုတ်က ပိုမိုသြဇာလွှမ်းမိုးရေး ကြိုးပမ်းမည်

ဆောင်းရာသီအိုလံပစ်ပွဲတော်အား ပေကျင်းမြို့တွင် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ကျင်းပရန် အချိန်နီးကပ် လာသည်နှင့်အမျှ ထိုင်ဝမ်၊ ဆော်လမွန်ကျွန်းများ၊ လစ်သူယေးနီးယား၊ ဂရင်းလန်းကျွန်း၊ အာဖရိက ဦးချိုဒေသ တို့တွင် တရုတ်က ပိုမိုကြီးစိုးလာရန် ကြိုးပမ်းလာခြင်းကြောင့် ၂၀၂၂ခုနှစ်တွင် ပဋိပက္ခများ ခြိမ်းခြောက်မှုများ ပိုမိုဖြစ်ပေါ်လာနိုင်သည်ဟု မူဝါဒသုတေသနအဖွဲ့ (POREG)က ဖော်ပြခဲ့သည်။

ထိုင်ဝမ်အပေါ် တရုတ်က သြဇာလွှမ်းမိုးမှုတိုးမြှင့်ထားပြီးဖြစ်သောကြောင့် အမေရိကန်၏ လှုပ်ရှားမှုကို တရုတ်က စောင့်မျှော်နေမည်မဟုတ်ကြောင်း မူဝါဒသုတေသနအဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် အကျိုးစီးပွားကို ထိန်းသိမ်းရန် အမေရိကန်သည် ယင်း၏ အရင်းအမြစ်များကို ဆန့်ထုတ်ရမည်ဖြစ်သည်။

အထူးသဖြင့် အိန္ဒိယ၏ လာဒတ်ချ်ဒေသတွင် တရုတ်ဘက်ခြမ်းတွင် ကောင်းမွန်သော လမ်းများနှင့် တံတားများ ဖြင့် နယ်စပ်ကို အခိုင်အမာပြုလုပ်ထားပြီး အာရူနာချယ်ပရာဒေ့ရှ်ပြည်နယ်ရှိ မြို့များကို တရုတ်အမည်များ ပေးလျက်ရှိသည်။

တရုတ်က ၂၀၂၀ပြည့်နှစ်တွင် သံတမန်ရေးနှင့် စစ်ရေးအရ ညံ့ဖျင်းမှုများကို ကုစားနေဆဲဖြစ်သောကြောင့် တရုတ်သမ္မတရှီကျင့်ဖျင်သည် အိန္ဒိယနှင့် ပြဿနာမဖြစ်လိုသေးပေ။

သို့သော် ရေတိုအကျိုးစီးပွားအတွက် အခြားနေရာများတွင် စစ်ရေးအရ စွန့်စားလုပ်ဆောင်ရန် သမ္မတရှီက တုံ့ဆိုင်းမည်မဟုတ်ပေ။

ပေကျင်းက ထိုင်ဝမ်ရေလက်ကြားပင်လယ်ရေကြောင်းသွားလာမှုကို ပိတ်ပြီး နှစ်နေရာစလုံးသည် ‘အချုပ်အခြာ အာဏာပိုင် တရုတ်ပိုင်နက်’ ဖြစ်သဖြင့် အရှေ့နှင့် တောင်တရုတ် ပင်လယ်ပြင်ကို မပျံသန်းရဇုန်အဖြစ် ကြေညာ ပါက မည်သို့ပြုလုပ်မည်နည်းဟု POREG က မေးခွန်းထုတ်ခဲ့သည်။

အောင်မြင်မှုရရန် တရုတ်သမ္မတရှီကျင့်ဖျင်သည် ထိုင်ဝမ်နှင့် နီးကပ်သော တရုတ်ကမ်းရိုးတန်းတွင် တပ်ပေါင်းစုံ ချေမှုန်းရေးတပ်ဖွဲ့ကို ဦးစွာ စုရုံးမည်ကို လေ့လာတွေ့ရှိခဲ့သည်။

အခြားတစ်ဖက်တွင်လည်း တရုတ်သည် ဆော်လမွန်ကျွန်းစုများကို ကူညီပေးနေပြီး သြဇာလွှမ်းမိုးရန် ကြိုးပမ်းလျက်ရှိသည်။

သီရိလင်္ကာနှင့် တရုတ်တို့၏ လျှို့ဝှက်ချက်များပေါ်ပေါက်လာပြီးနောက် အိမ်နီးချင်းများကို တုန်လှုပ်ခြောက် ခြားမှုများဖြစ်ပေါ်စေသည့် လုံခြုံရေးဆိုင်ရာ သက်ရောက်မှုများ ရှိနေသည်ကို တောင်အာရှနိုင်ငံများက သဘောပေါက်ခဲ့ကြောင်း POREG က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly