မြို့နယ်တွင်း ဝန်ထမ်းအားလုံး CDM ပါဝင်ရန် မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့  ထုတ်ပြန် 

မြို့နယ်တွင်း ဝန်ထမ်းအားလုံး CDM ပါဝင်ရန် မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့  ထုတ်ပြန် 

ဇန်နဝါရီလ ၂၆ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် အတွင်းရှိ ဝန်ထမ်းအားလုံး CDM တွင် ပါဝင်ကြရန် မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်သည်။ 

မင်းတပ်မြို့နယ် အတွင်းရှိ Non CDM ဝန်ထမ်းများ အနေဖြင့် နီးစပ်ရာ အုပ်ချုပ်ရေးမှူးများထံ ကိုယ်ရေး အချက်အလက် အပြည့်အစုံဖြင့် နှစ်ပတ်အတွင်း အမြန် စာရင်းပေးရန်နှင့် CDM ဝင်ရန် တိုက်တွန်းထားခြင်း ဖြစ်သည်။

CDM ဆောင်ရွက်ခြင်း မရှိပါက ပြင်းပြင်း ထန်ထန် အရေးယူမည် ဖြစ်ကြောင်း တရားဝင် သတိပေးချက် ထုတ်ပြန်ခြင်းလည်း ဖြစ်သည်။ 

ထို့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း အာဏာ အလွဲသုံးစားလုပ်ကာ နိုင်ငံ့ဝန်ထမ်း အတိုးမဲ့ ချေးငွေများကို ဖိအားပေး ခြိမ်းခြောက်တောင်းခံ သူများကိုလည်း အရေးယူမည်ဟု ဆိုသည်။ 

CDM ပြုလုပ်၍ ထုတ်ပယ် ခံထားရသူများ၊ CDM ပြုလုပ်ဆဲ ဝန်ထမ်းများ၏ ကိုယ်ရေး အချက်အလက်များကို အကြမ်းဖက် စစ်ကောင်စီသို့ ပေးပို့နေသည့် ဌာနဆိုင်ရာ အသီးသီးက အကြီးအကဲများ၊ အရာထမ်း အမှုထမ်းများ အနေဖြင့်လည်း မိမိတို့ ပြုလုပ်မှုများကို အပြည့်အဝ တာဝန်ယူရမည် ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်း အသိပေးထားသည်။ 

မင်းတပ်မြို့နယ်သည် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည့် မြို့နယ်လည်းဖြစ်ပြီး ပြည်သူ့ အုပ်ချုပ်ရေး အားကောင်းသည့် မြို့နယ် တစ်ခုလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required