အိန္ဒိယ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် လူမှုဖူလုံရေးအစီအစဉ်များက ဆင်းရဲသားများအတွက် အကျိုးဖြစ်ထွန်းစေ

By Saudi Gazette
26 January 2022
အိန္ဒိယ၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် လူမှုဖူလုံရေးအစီအစဉ်များက ဆင်းရဲသားများအတွက် အကျိုးဖြစ်ထွန်းစေ

အိန္ဒိယအစိုးရက ပြည်သူများကို စာနာထောက်ထားကာ စီးပွားရေးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာတို့ကို လုပ်ဆောင်လျက်ရှိသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန် စီးပွားရေးလုပ်ကိုင်ရ လွယ်ကူစေရေးအစီအစဉ်နှင့် လုပ်ငန်းသစ်များ စတင်ထူထောင်နိုင်ရန် အခြေအနေကောင်းမွန်သည့် ဂေဟစနစ်တစ်ခုထူထောင်ခြင်းတို့အပါအဝင် စီးပွားရေးလုပ်ငန်းနယ်ပယ်များ တိုးတက်စေရန် လက်ရှိအစိုးရက ဆောင်ရွက်ထားပြီးဖြစ်သော်လည်း အိမ်ရာ စီမံကိန်းများအပါအဝင် လူမှု ဖူလုံရေးအစီအစဉ်များ ဖြင့် ဆင်းရဲသားတို့၏ လူနေမှုအဆင့်အတန်းများကို မြှင့်တင်ရန်နှင့် နိမ့်ကျနေသည့်ကဏ္ဍများကို မြှင့်တင်ရန် အခိုင်အမာ ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ကမ္ဘာပေါ်တွင် လူဦးရေ ဒုတိယအများဆုံးနိုင်ငံ ဖြစ်သည်နှင့်အညီ တန်ဖိုးနည်း အိမ်ရာ လိုအပ်ချက်နှင့် ဖြည့်ဆည်းနိုင်ရေးတို့တွင် ကွာဟချက်ရှိနေသေးသည်။ ကိုဗစ်အလွန် စီးပွားရေး ထိခိုက်မှုအပေါ် အောင်မြင်စွာ ဖြေရှင်းထားနိုင်သော်လည်း အလိုအလျောက် ပြန်လည်တိုးတက်ကောင်းမွန်ရေးသည် နှေးကွေးနေသလို တိုက်ရိုက် ဝင်ရောက်ဆောင်ရွက်ရန် လိုအပ်နေသည်ကို သိရှိခြင်းကြောင့် လက်ရှိ အိန္ဒိယအစိုးရက လူမှုဖူလုံရေး အစီအစဉ်များကို ဆောင်ရွက်ရန် လေးစားစွာ ဆုံးဖြတ်ထားသည်။

အိန္ဒိယအစိုးရ၏ PMAY အစီအစဉ်သည် ‘အားလုံးအတွက် အိမ်ရာ ၂၀၂၂ ခုနှစ်မှာ’ ဖြစ်သည်။

ယင်းအစီအစဉ်အရ အိမ်ပေါင်း ၃ ကုဋေကို ကျေးလက်ဒေသများတွင်လည်းကောင်း၊ ၁ ဒသမ ၂ ကုဋေကို မြို့ပြဒေသများတွင်လည်းကောင်း တည်ဆောက်သွားမည်ဖြစ်သည်။

နေအိမ်မရှိသူများအတွက် ဆောက်လုပ်နိုင်ရန် မြေပြန့်ဒေသ၌ နေထိုင်သူများကို ရူပီး ၁ ဒသမ ၂ သိန်းနှင့် တောင်တန်းဒေသများ၌ နေထိုင်သူများကို ရူပီး ၁ ဒသမ ၃ သိန်း ထောက်ပံ့ပေးသွားမည်ဖြစ်ရာ အဆိုပါ ငွေပမာဏသည် ကိုယ်ပိုင်အိမ်ပိုင်ဆိုင်လိုသူများအတွက် လုံလောက်သည့် အင်အား ဖြစ်စေမည်ဖြစ်သည်။

ပုဂ္ဂလိက အိမ်ရာတည်ဆောက်ရေး လုပ်ငန်းရှင်များ၏ အကူအညီဖြင့် ဆင်းရဲသားရပ်ကွက်၌ နေထိုင်သူများအား နေရာချထားပေးခြင်း၊ ၎င်းတို့၏ နေရာများကို ပိုမိုနေချင်ဖွယ်ရာကောင်းသည့် အခြေအနေများ ဖြစ်စေရန် တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly