အိန္ဒိယက Omicron ဗိုင်းရပ်စ်အတွက် ပထမဆုံး ပြည်တွင်းထုတ် mRNA ကာကွယ်ဆေးကို စမ်းသပ်မည်

အိန္ဒိယက Omicron ဗိုင်းရပ်စ်အတွက် ပထမဆုံး ပြည်တွင်းထုတ် mRNA ကာကွယ်ဆေးကို စမ်းသပ်မည်

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာ ပြည်နယ် ပူနေးမြို့အခြေစိုက် Gennova Biopharmaceuticals ကုမ္ပဏီက Omicron ဗိုင်းရပ်စ်မျိုးကွဲအတွက် ထုတ်လုပ်ထားသည့် mRNA ကာကွယ်ဆေးကို အဆင့်၂ စမ်းသပ်မှု၏ အချက်အလက်များကို တင်ပြပြီး ဖြစ်ကာ အဆင့် ၃ စမ်းသပ်မှု၏ အချက်အလက်များကိုလည်း ပြုစုပြီး ဖြစ်သည်။

ယင်းတွေ့ရှိချက်များကို အိန္ဒိယ ဆေးဝါးထိန်းချုပ်ရေးအဖွဲ့၏ ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်သူများကော်မတီ (SEC) က နောက်ထပ် အချက်အလက်များမကြာမီ ပြန်လည်စစ်ဆေးသွားနိုင်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းက Gennova က ကာကွယ်ဆေး စမ်းသပ်ချက်နှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် “အိန္ဒိယ ဆေးဝါးထိန်းချုပ်ရေးအဖွဲ့က mRNA အခြေခံ ကိုဗစ်-၁၉ ကာကွယ်ဆေး၏ အဆင့် ၂ နှင့် ၃ စမ်းသပ်သည့် နည်းလမ်းများကို အတည်ပြု သဘောတူညီထားသည်” ဟု ထုတ်ပြန်ခဲ့သည်။

“ကြားဖြတ် စမ်းသပ်မှု အဆင့် ၁ ရဲ့ လေ့လာတွေ့ရှိချက်တွေကို Gennova က အိန္ဒိယရဲ့ နိုင်ငံတော်အဆင့် စည်းကမ်းသတ်မှတ်ရေး အာဏာပိုင်အဖွဲ့ (NRA) လက်အောက်ရှိ ဆေးဝါးစံနှုန်းထိန်းချုပ်ရေး ဗဟိုအဖွဲ့ (CDSCO) သို့ တင်ပြထားပြီး ဖြစ်သည်။

ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်သူများကော်မတီ (SEC) သည် အဆင့် ၁ ကြားကာလ အချက်အလက်များကို ပြန်လည်သုံးသပ်ပြီး ဖြစ်သလို စမ်းသပ်စစ်ဆေးမှုအဆင့်သည် ဘေးကင်းလုံခြုံမှုရှိကြောင်း တွေ့ရှိထားကြောင်း ထုတ်ပြန်ထားသည်။

ယင်းကာကွယ်ဆေးကို အဆင့် ၂ စမ်းသပ်မှုအား ၁၀ မှ ၁၅ နေရာအထိ ပြုလုပ်ခဲ့ပြီး အဆင့် ၃ ကို ၂၂ မှ ၂၇ နေရာအထိ လုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly