အိန္ဒိယက ၂၀၂၁-၂၀၂၂ ခုနှစ်ကာလအတွက် ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၆၅၀ ဘီလျံရရှိရန် ရည်မှန်းထား

အိန္ဒိယက ၂၀၂၁-၂၀၂၂ ခုနှစ်ကာလအတွက် ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၆၅၀ ဘီလျံရရှိရန် ရည်မှန်းထား

အိန္ဒိယအနေဖြင့် ယခုဘဏ္ဍာနှစ်အတွင်း ပို့ကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၆၅၀ ဘီလျံ ရရှိရန် ရည်မှန်းထား ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီး ပီယွတ်ဂိုယယ်က ဇန်နဝါရီ ၁၇ ရက်တွင် ပြောကြားထား သည်။

အဆိုပါ ပမာဏအနက် စက်မှုထုတ်ကုန်ပစ္စည်းကဏ္ဍမှ ဒေါ်လာ ၄၀၀ ဘီလျံနှင့် ကျန်ရှိသည့် ဒေါ်လာ ဘီလျံ ၂၅၀ ကို ဝန်ဆောင်မှုများအား တင်ပို့သည့်ကဏ္ဍမှ ရရှိရန် သတ်မှတ်ထားသည်။

ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကောင်စီများ (EPCs) ၏ ပြန်လည်သုံးသပ်ရေးအစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ရာတွင် ဂိုယယ်က ယခုဘဏ္ဍနှစ်အတွင်း ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၆၅၀ ဘီလျံ ရရှိနိုင်ကြောင်း ပြောကြားသည်။

ယခုဘဏ္ဍာနှစ်၏ ပထမ ၉ လပိုင်းတွင် စက်မှု ထုတ်ကုန်ပစ္စည်းကဏ္ဍမှ ဒေါ်လာ ၃၀၀ ဘီလျံ ရရှိခဲ့ကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

“Omicron ဗိုင်းရပ်စ်အပေါ် စိုးရိမ်မှု မြင့်တက်နေသော်လည်း ဒီဇင်ဘာတစ်လအတွင်းမှာပင် ကုန်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၃၇ ဘီလျံ ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဇန်နဝါရီ ၁၅ ရက်အထိ ဒေါ်လာ ၁၆ ဘီလျံ ရရှိထားပါတယ်” ဟု ၎င်းက ပြောကြားသည်။

နိုင်ငံတော်၏ အကောင်အထည်ဖော်ရေးလမ်းကြောင်းမှတစ်ဆင့် စီးပွားရေးလုပ်ဆောင်ရ လွယ်ကူစေရန် အစိုးရ၏ အစီအစဉ်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား ဝန်ကြီးက တိုက်တွန်းခဲ့သည်။ စက်မှုကဏ္ဍမှ ကိုယ်စားလှယ်များက လွတ်လပ်သော ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများအတွင်း ၎င်းတို့၏ တောင်းဆိုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်လည်း ဝန်ကြီးက မှာကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly