ပေကျင်းအိုလံပစ်ပွဲတော်သို့ အမေရိကန်အားကစားသတင်းဌာန ESPN က သတင်းထောက်များ စေလွှတ်မည်မဟုတ်

ပေကျင်းအိုလံပစ်ပွဲတော်သို့ အမေရိကန်အားကစားသတင်းဌာန ESPN က သတင်းထောက်များ စေလွှတ်မည်မဟုတ်

အမေရိကန်အခြေစိုက် အားကစားပွဲသတင်းများ ထုတ်လွှင့်သည့် ESPN သတင်းဌာနသည် ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုင်ရာ စိုးရိမ်မှုများကြောင့် တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် ကျင်းပမည့် ဆောင်းရာသီအိုလံပစ် ပွဲတော်သို့ မည်သည့် သတင်း အဖွဲ့ကိုမျှ စေလွှတ်မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။

ဖေဖော်ဝါရီလ ပွဲတော်မစတင်မီတွင် ခိုင်မာသော အစီအစဉ်ဖြင့် အားကစားပြိုင်ပွဲများကို အဝေးမှ သတင်းရ ယူထုတ်လွှင့်သွားခြင်းကိုသာ အာရုံစိုက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

"မိမိတို့ ဝန်ထမ်းများ၏ လုံခြုံရေးသည် အရေးကြီးသည်" ဟု ESPN အမှုဆောင် ဒုဥက္ကဌ၊ ပွဲနှင့် စတူဒီယိုထုတ်လုပ်မှုနှင့် အမှုဆောင်အယ်ဒီတာ ဝီလျံဆမ်က ပြောကြားခဲ့သည်။

"ကူးစက်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုအဖြစ် ဆက်လက်တည်ရှိနေပြီး အိုလံပစ်ပွဲတော်အတွက် ကိုဗစ် ဆက်စပ်သည့် ကန့်သတ်ချက်များကြောင့် သတင်းတင်ဆက်ရန် စိန်ခေါ်မှုများရှိနိုင်ခြင်းကြောင့် မိမိတို့၏ ဝန်ထမ်းများကို အိမ်တွင်ထားရှိခြင်းသည် အကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်သည်ဟု ယူဆသည်"

၂၀၂၀ပြည့်နှစ်က တိုကျိုမြို့တွင် ကျင်းပခဲ့သော နွေရာသီ အိုလံပစ်ပွဲတော်သို့ သတင်းသမား ၅ ဦး အား စေလွှဝ်ခဲ့ပြီး နောက် သတင်းထောက် ၄ဦးကို တရုတ်သို့ စေလွှတ်ရန် စီစဉ်ခဲ့သော်လည်း ယခုအခါ အဆိုပါ သတင်း ထောက်များသည် အားကစားပြိုင်ပွဲများကို အဝေးမှ သတင်းရယူရန် ရည်ရွယ်ထားသော ပိုမိုအင်အားတောင့် တင်းသော အဖွဲ့တစ်ဖွဲ့နှင့် ပူးပေါင်းတင်ဆက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ESPN တွင် ရုပ်မြင်သံကြားနှင့် ဒစ်ဂျစ်တယ်သတင်း ၂ ခုလုံးအတွက် ထိုသို့လုပ်ဆောင်ရန် တာဝန်ပေးထား သည့် သတင်းထောက် အများအပြား ရှိသည်” ဟု ထုတ်ပြန်ချက်က ဆိုသည်။

မြို့တော် ပေကျင်းတွင် ပိုမိုကူးစက်လွယ်သော ဗိုင်းရပ်စ်တစ်မျိုးဖြစ်သည့် Omicron ပေါ်ပေါက်လာပြီးနောက် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် တရုတ်အစိုးရက အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ ယခုအချိန်အထိ ပေကျင်းရှိ ခရိုင်လေးခုတွင် ကိုဗစ်-၁၉ ကူးစက်မှုကို တွေ့ရှိထားကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

၂၀၂၂ခုနှစ် ပေကျင်းအိုလံပစ်ပွဲတော်ကို ဖေဖော်ဝါရီ ၄ ရက်တွင် စတင်ကျင်းပရန် စီစဉ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required