ဆော်ဒီအာရေဗျတွင် ထိန်းသိမ်းခံထားရသော ဝီဂါများ တရုတ်သို့ ပြန်ပို့ခံရမည်ကို စိုးရိမ်နေ

ဆော်ဒီအာရေဗျတွင် ထိန်းသိမ်းခံထားရသော ဝီဂါများ တရုတ်သို့ ပြန်ပို့ခံရမည်ကို စိုးရိမ်နေ

ဆော်ဒီအာရေဗျတွင် ထိန်းသိမ်းခံထားရသည့် ဝီဂါအမျိုးသား ၂ ဦးသည် တရုတ်နိုင်ငံသို့ ပြန်ပို့ခံရမည့် အလားအလာနှင့် ရင်ဆိုင်နေရကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ကလည်း ထိုကိစ္စကိုတားဆီးရန် လုပ်ဆောင်နေကြောင်း VOA က ဖော်ပြခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံအတွင်း အကြောင်းမဲ့ ဖမ်းဆီးခံထားရသည့် ဝီဂါအမျိုးသား ၂ ဦးအား နေရပ်ပြန်ပို့ မခံရစေရန် ဆော်ဒီအာရေဗျကို တိုက်တွန်းခဲ့ကြောင်း HRW ၏ အရှေ့အလယ်ပိုင်း/မြောက်အာဖရိက (MENA) ဌာနခွဲမှ ဒု-ဒါရိုက်တာ အဒမ်ကူးဂဲလ်က ပြောကြောင်း VOA ကဖော်ပြခဲ့သည်။

"ဆော်ဒီအာရေဗျက ဒီလူတွေကို နေရပ်ပြန်ပို့လိုက်တယ်ဆိုရင် တရုတ်နိုင်ငံဆီက တောင်းဆိုမှုတစ်ခုကြောင့် ဖြစ်နိုင်တယ်။၊ ဝမ်းနည်းစရာကောင်းတာက ဆော်ဒီအာရေဗျမှာ ခိုလှုံခွင့်စနစ်မရှိသလို ဒီအမျိုးသားတွေကို နေရပ်ပြန်ပို့တာကို ဥပဒေအရ ရင်ဆိုင်နိုင်မယ့် နည်းလမ်းလည်း မရှိဘူး" ဟု ကူးဂဲလ်ကပြောသည်။

ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် ဝီဂါအမျိုးသား ၂ ဦးကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလကတည်းက အယ်လ်ဒါဘန်အကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။

ဆော်ဒီရဲများက ဖမ်းဆီးထိန်းသိမ်းထားသော ဝီဂါအမျိုးသားများအနက် တစ်ဦးဖြစ်သည့် အသက် ၅၃ နှစ်အရွယ် ဟမ်ဒူလာအဗ္ဗဒူဝေလီကို ဆော်ဒီအာရေဗျရှိတရုတ်သံရုံး၏တောင်းဆိုချက်အရ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဝီဂါအချို့က ယူဆကြသည်ဟု VOA က ဖော်ပြသည်။

ရှင်ကျန်းဒေသရှိ ဝီဂါများကို နှိပ်စက်ညှဉ်းပန်းမှုနှင့်ပတ်သက်ပြီး အဗ္ဗဒူဝေလီက တရုတ်အစိုးရကို ဝေဖန်ပြီးနောက် ထိန်းသိမ်းခံရခြင်းဖြစ်သည်ဟု ဝီဂါများက ယူဆကြကြောင်း အစ္စတန်ဘူလ်ရှိ အဗ္ဗဒူဝေလီ၏သမီး နာရီမန်ဟမ်ဒူလာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly