ဆောင်းရာသီ အိုလံပစ်ပွဲတော်အတွင်း ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်မှုများ ရှိနိုင်ကြောင်း အနောက်နိုင်ငံများ၏ သတိပေးချက်များကို တရုတ် ပယ်ချ

By m.dailyhunt
22 January 2022
ဆောင်းရာသီ အိုလံပစ်ပွဲတော်အတွင်း ဆိုက်ဘာလုံခြုံရေးခြိမ်းခြောက်မှုများ ရှိနိုင်ကြောင်း အနောက်နိုင်ငံများ၏ သတိပေးချက်များကို တရုတ် ပယ်ချ

၂၀၂၂ခုနှစ် ဆောင်းရာသီအိုလံပစ်ပွဲတော်အတွင်း အားကစားသမားများ၏ ကိုယ်ပိုင် မိုဘိုင်းလ်ဖုန်းများ၊ လက်ပ်တော့များနှင့် တက်ဘလက်များအတွက် ဆိုက်ဘာတိုက်ခိုက်မှုအန္တရာယ်ရှိနေသည်ဟူသော အနောက်နိုင်ငံများ၏ ထုတ်ပြန်ချက်များကို ဇန်နဝါရီ ၁၈ရက်က တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက တုန့်ပြန် ပယ်ချခဲ့သည်။

ပေကျင်းမြို့ တွင် ကျင်းပမည့် ၂၀၂၂ခုနှစ် ဆောင်းရာသီ အိုလံပစ်ပွဲတော်အတွင်း နယ်သာလန်၊ အမေရိကန်နှင့် အခြား အနောက်နိုင်ငံ အများအပြားက ယင်းတို့၏ အားကစားသမားများ၏ ဆိုက်ဘာလုံခြုံရေးအတွက် ဂရုပြုရန် သတိပေးခဲ့ပြီး တစ်ခါသုံးဖုန်းများကို အသုံးပြုရန် သို့မဟုတ် VPN များအသုံးပြုရန်နှင့် မိမိတို့အသုံးပြုသည့် မိုဘိုင်းပစ္စည်းမ များမှ ကိုယ်ရေးကိုယ်တာ အချက်အလက်အားလုံးကို ဖျက်ပစ်ရန် အကြံပြုခဲ့ကြောင်း Sputnik သတင်းဌာနက ဖော်ပြခဲ့သည်။

၂၀၂၂ခုနှစ် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို ဖေဖော်ဝါရီ ၄ ရက်မှ ၂၀ ရက်အထိ ပေကျင်းမြို၌ ကျင်းပမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly