ပေကျင်းအိုလံပစ်ပွဲတော်ကို သပိတ်မှောက်ရန် အင်ဒိုနီးရှားကျောင်းသားများ တောင်းဆို

By Reddit
21 January 2022
ပေကျင်းအိုလံပစ်ပွဲတော်ကို သပိတ်မှောက်ရန် အင်ဒိုနီးရှားကျောင်းသားများ တောင်းဆို

အစ္စလာမ်ကျောင်းသား မဟာမိတ်အဖွဲ့ (AMI) ၏ ကမကထပြုမှုဖြင့် ကျောင်းဝင်းအသီးသီးမှ ကျောင်းသားများသည် ဇန်နဝါရီ ၁၄ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။

တရုတ်အာဏာပိုင်များသည် တရုတ်နိုင်ငံ ရှင်ကျန်းတွင် အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်းစသည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်ကြောင်းကို လူ့အခွင့်အရေးအဖွဲ့ Amnesty International က လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အထောက်အထားများစွာကို တင်ပြခြင်းဖြင့် ဖော်ပြခဲ့ကြောင်း ကျောင်းသားများက ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာပါ အကြောင်းအရာများကို ကြည့်လိုက်လျှင် တရုတ်သည် ရှင်ကျန်းရှိ မွတ်စလင်ဝီဂါများကို၎င်းတို့နိုင်ငံမှ နိုင်ငံသားများဖြစ်လင့်ကစား ကမ္ဘာ့ယဉ်ကျေးမှုမှ သုတ်သင်ဖယ်ရှားရန် ပစ်မှတ်ထားနေသည်မှာ သိသာရှင်းလင်းကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

“သူတို့နိုင်ငံမှာ လူနည်းစုနိုင်ငံသားတွေကို တိရိစ္ဆာန်တွေလို ရက်စက်ကြမ်းကြုတ်ပြီး တိုက်ခိုက်တာလုပ်တဲ့အပြင် တရုတ်ဟာ လောဘကြီးသည်ထက်ကြီးလာပြီး အဲဒီထဲက တစ်ခုကတော့ အင်ဒိုနီးရှားအပါအဝင် ကမ္ဘာ့နိုင်ငံတွေကို ကလိမ်ကကျစ်နည်းအမျိုးမျိုးနဲ့ ကိုလိုနီနိုင်ငံအဖြစ် သိမ်းပိုက်အုပ်ချင်ချင်တာပါပဲ။ နာတူနာရေပိုင်နက်ကိုလည်း တရုတ်ရဲ့ ပိုင်နက်အစိတ်အပိုင်းဆိုပြီး ပြောထားပါသေးတယ်” ဟု ဆိုသည်။

"ထိုအချက်များကြောင့် ကမ္ဘာနိုင်ငံများ အထူးသဖြင့် အင်ဒိုနီးရှားကဲ့သို့ အစ္စလမ္မစ်ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (AMI) ၏ အဖွဲ့ဝင်များဖြစ်သော Greater Jakarta ရှိ ကျောင်းခွဲအသီးသီးမှ ကျောင်းသားများသည် ကမ္ဘာ့နိုင်ငံများအနေဖြင့် အထူးသဖြင့် အင်ဒိုနီးရှားအနေဖြင့် ၂၀၂၂ ခုနှစ် ပေကျင်းအိုလံပစ်ကို သပိတ်မှောက်ကြသည်" ဟု ၎င်းတို့ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရှင်ကျန်းရှိ ဝီဂါတိုင်းရင်းသားများ၏ အမျိုးသမီးမျာနှင့် ကလေးများအား မုဒိမ်းကျင့်ခြင်းကဲ့သို့သော ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များအားလုံးကို ရပ်တန့်ရန်လည်း တရုတ်နိုင်ငံကို တောင်းဆိုခဲ့သည်။

နာတူနာရေပြင်ရှိ လှုပ်ရှားမှုအားလုံးကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြသလို နာတူနာသည် အင်ဒိုနီးရှား၏ ခွဲထွက်၍မရသော အစိတ်အပိုင်းဖြစ်ကြောင်း ကမ္ဘာကို ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly