တီယန်ကျင်းမြို့၌ Omicron ကို ရက်အနည်းငယ်အတွင်း ထိန်းချုပ်ရန် ကြိုးစားနေ

တီယန်ကျင်းမြို့၌ Omicron ကို ရက်အနည်းငယ်အတွင်း ထိန်းချုပ်ရန် ကြိုးစားနေ

တရုတ်နိုင်ငံမြောက်ပိုင်းရှိ တီယန်ကျင်း၌ ကိုဗစ်-၁၉ ဒေသတွင်းကူးစက်မှုကို တားဆီးရန် ကြိုးပမ်းနေသည်ဟု ထိပ်တန်း တရုတ်ပညာရှင်တစ်ဦးကို ကိုးကား၍ ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။

တရုတ်အင်ဂျင်နီယာအကယ်ဒမီမှပညာရှင်လည်းဖြစ် တရုတ်ရိုးရာဆေးတက္ကသိုလ်မှ အကြီးအကဲလည်းဖြစ်သူ ကျန်းပေါင်လီက ပထမအဆင့်သည် ကိုဗစ်-၁၉ ထိန်းချုပ်နယ်မြေပြင်ပ ဒေသခံလူထုကူးစက်မှုကိုလျင်မြန်စွာတားဆီးရန်ဖြစ်သည်ဟု အင်တာဗျူးတစ်ခု၌ပြောကြားခဲ့ကြောင်း Global Times ကဖော်ပြခဲ့သည်။ .

ဇန်နဝါရီ ၈ ရက်မှ ဇန်နဝါရီ ၁၆ ရက်အထိ တီယန်ကျင်းတွင် ဒေသတွင်းကူးစက်မှု အတည်ပြုလူနာ စုစုပေါင်း ၂၉၄ ဦးရှိကြောင်း သိရသည်။ ရောဂါလက္ခဏာမပြသောရောဂါဖြစ်ပွားသူ စုစုပေါင်း ၂၂ ဦးကိုလည်း တွေ့ရကြောင်း ဒေသဆိုင်ရာအာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ ဇန်နဝါရီ ၁၇ ရက် သတင်းစာ၌ ဖော်ပြခဲ့သည်။

ပြီးခဲ့သော ၂၁၄ နာရီအတွင်း တရုတ်ပြည်မကြီးတွင် ကိုဗစ်-၁၉ ပြည်တွင်းကူးစက်ခံရသူအသစ် ၁၆၃ ဦးရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ဇန်နဝါရီ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။

ဆင်ဟွာသတင်းအေဂျင်စီ၏အဆိုအရနောက်ဆုံးဒေသတွင်းကူးစက်မှုများအနက် ၈၀ ဦးမှာ တီယန်ကျင်းမှဖြစ်ပြီး ကွမ်တုန်းမှ ၉ ဦး၊ ရှန်းရှီးမှ ၅ ဦးနှင့် ကွမ်ရှီးမှ ၁ ဦးတို့ဖြစ်ကြောင်း ကော်မရှင်၏ထုတ်ပြန်ချက်အရသိရသည်။

ပြည်နယ်အဆင့် ဒေသ ၁၁ ခုတွင် ပြည်ပမှကူးစက်အသစ် ၆၀ ဦးရှိကြောင်း ကော်မရှင်ကထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly