မီဒီယာကို ဖိနှိပ်ခြင်းခံရသည့် ဟောင်ကောင်တွင် သတင်းထောက်များ အခက်ကြုံနေ

မီဒီယာကို ဖိနှိပ်ခြင်းခံရသည့် ဟောင်ကောင်တွင် သတင်းထောက်များ အခက်ကြုံနေ

နောက်ဆုံး ရုပ်သံ သတင်းအစီအစဉ် ပြီးဆုံးသွားသည့် ဇန်နဝါရီ ၃ရက်က သတင်းကြေညာသူများသည် Citizen News ကို တည်ထောင်သူနှင့် သတင်းဌာနအကြီးအကဲ ခရစ္စယောင်းက ဝန်ထမ်းများနှင့် အတူစုဝေးလျှက် အွန်လိုင်းပရိသတ်များကို နှုတ်ဆက်ချိန်တွင် လေသံကို အတတ်နိုင်ဆုံးထိန်းကာ စကားပြောခဲ့သည်။

“ကျွန်တော်တို့ရဲ့ အကောင်းဆုံးအမှတ်တရတွေကို သတိရပါ” ဟု လက်ခေါက်ထားသည့် အပြာရောင်ရှပ် အင်္ကျီ ကို ဝတ်ဆင်ထားပြီး ကြက်သွေးရောင် ဆွယ်တာအင်္ကျီကို ပုခုံးမှာ သိုင်းထားသည့် ခရစ္စယောင်းက နှုတ်ဆက်စကား ဆိုသည်။

“ရှေ့ဆက် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိပါဘူး။ စိတ်မပူပါနဲ့၊ ပျော်ရွှင်စရာတွေကိုပဲ သတိရပါ။"

ထိုနေ့သည် တရုတ်လိုလားသော ဥပဒေပြုအမတ်များ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ရက် ၉၀ မြောက်နေ့ ဖြစ်သည်။ ယမန်နေ့ ညနေပိုင်းက ၅ နှစ်တာလည်ပတ်ခဲ့သည့် တရုတ်ဘာသာဖြင့် ထုတ်ဝေသည့် လွတ်လပ်သော သတင်းဌာနကို ပိတ်သိမ်းတော့မည်ဟု ကြေညာခဲ့သည်။

ဆိုးရွားလာသော မီဒီယာပတ်ဝန်းကျင်နှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို စိုးရိမ်ပူပန်သည့်အတွက် သတင်းဌာနကို ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။

ခရစ္စယောင်းနှင့် အယ်ဒီတာချုပ် ဒေစီလီတို့အတွက် နာကျင်စရာ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့သည်။ “ကျွန်မ သတင်းထောက်တွေကို လမ်းပြဖို့ လုံလောက်တဲ့ ယုံကြည်ချက်မရှိတော့ဘူးဆိုရင် ကျွန်မတာဝန်ယူရမှာပါ” ဟု လီက ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။ "ကျွန်မတို့ 'ဘေးကင်းတဲ့ သတင်း' တစ်ခုခု လုပ်နိုင်ပြီလား။ 'ဘေးကင်းတဲ့သတင်း' ဆိုတာ ဘာမှန်းတောင် မသိတော့ဘူး။”

တစ်ချိန်က ဟောင်ကောင်၏ လွတ်လပ်သော မီဒီယာလုပ်ငန်းတွင် မကြာသေးမီက အဖြစ်အပျက်များကို သိရှိထားသူများအတွက် ယခုကဲ့သို့ လုပ်ဆောင်လိုက်ခြင်းမှာ အံ့သြစရာမဟုတ်ပေ။

ကေဘယ်လ်တီဗီနှင့် အများပိုင်ရုပ်သံလွှင့်ဌာန RTHK ကဲ့သို့သော လူသိများသော သတင်းဌာနများမှ ဂျာနယ် လစ်များနှင့် အယ်ဒီတာများ အစုအပြုံလိုက် ထွက်ခွာမှုက ဟောင်ကောင်နှင့်ပြင်ပမှ လွတ်လပ်စွာ ပြောဆိုခွင့်ကို တိုက်တွန်းလှုံ့ဆော်သူများအတွက် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အထိတ်တလန့်ဖြစ်လာစေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly