ယာနူဇေးကို ဒေါ့တ်မွန်အသင်းထံမှ မန်ယူပြန်လည်ခေါ်ယူ

ယာနူဇေးကို ဒေါ့တ်မွန်အသင်းထံမှ မန်ယူပြန်လည်ခေါ်ယူ

မန်ချက်စတာ၊ ဇန်နဝါရီ ၁၁ ။             ။ မန်ယူအသင်းသည် ဒေါ့တ်မွန်အသင်းသို့ အငှားချထားသော ဘယ်လ်ဂျီယံလူငယ်တောင်ပံကစားသမား ယာနူဇေးကို အသင်းထံ ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်သည်။

မန်ယူအသင်းသည် ယာနူဇေးကို အတွေ့အကြုံရရှိစေရန်နှင့် ပွဲကစားခွင့်ပိုမိုရရှိစေရန် ရည်ရွယ်ပြီး ဒေါ့တ်မွန်အသင်းထံ အငှားချထားခြင်းဖြစ်သော်လည်း ဘွန်ဒက်စ်လီဂါကလပ်တွင် ပွဲထွက်ခွင့် အနည်းငယ်သာ ရနေသည့်အတွက် ပြန်လည်ခေါ်ယူလိုက်ခြင်း ဖြစ်သည်။

အသက် ၂၀ အရွယ်ရှိ ယာနူဇေးသည် ဒေါ့တ်မွန်အသင်းအတွက် ၁၂ ပွဲသာ ပွဲထွက်ခွင့် ရရှိထားပြီး ထိုအထဲတွင် သုံးပွဲသာ ပွဲထွက်ကစားသမားအဖြစ် ကစားခွင့် ရရှိထားသည်။

ယာနူဇေးသည် ဒေါ့တ်မွန်အသင်းအတွက် ပါဝင်ကစားခွင့်ရသည့် ဘွန်ဒက်စ်လီဂါ ခြောက်ပွဲမှာ လူစားလဲပါဝင်ခဲ့ရခြင်းဖြစ်သလို ဒီဇင်ဘာလ ၁၀ ရက်နေ့က ကစားခဲ့သော ပီအေအိုကေနှင့်ပွဲစဉ်မှ စပြီးအသင်းတွင် ပါဝင်ကစားခွင့် မရရှိခဲ့ပေ။

ယာနူဇေးနှင့် မန်ယူ၏ လက်ရှိစာချုပ်မှာ ၂၀၁၈ ခုနှစ်အထိ ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly