ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲ မတိုင်မီ တရုတ်သို့ ခရီးသည်တင် လေယာဉ် ပြေးဆွဲမှုများကို အမေရိကန် ပိတ်ပင်မည်

By Business-Standard
19 January 2022
ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲ မတိုင်မီ တရုတ်သို့ ခရီးသည်တင် လေယာဉ် ပြေးဆွဲမှုများကို အမေရိကန် ပိတ်ပင်မည်

ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်မတိုင်မီ ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို ထိန်းချုပ်ရန် တရုတ်က ကြိုးပမ်း နေခြင်းကြောင့် အမေရိကန်က တရုတ်နိုင်ငံသို့ ခရီးသည်တင်လေယာဉ်ပျံသန်းမှုအားလုံးကို ဇန်နဝါရီ ၁၉ ရက်မှစ၍ ပိတ်ပင်မည်ဖြစ်သည်။

လာမည့်သီတင်းပတ်မှစတင်၍ ၂၀၂၂ခုနှစ် ပေကျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်မတိုင်မီ ပေကျင်းမြို့သို့ ခရီးသည်တွင်လေယာဉ် ပျံသန်းမည့်ခရီးစဉ်များ ရှိဦးမည်မဟုတ်သည့် သတင်းကို CNN က ဖော်ပြခဲ့သည်။

ဇန်နဝါရီ ၁၉ ရက်မှစ၍ အနည်းဆုံး ၂ ပတ်ကြာချမှတ်ထားမည့် တရုတ်လေကြောင်းစည်းမျဉ်းများကြောင့် အမေရိကန်မှ တရုတ်သို့ ပျံသန်းမည့် ခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်ခြင်း သို့မဟုတ် ဆိုင်းငံ့ထားဖွယ်ရှိ ကြောင်း အစိုးရထုတ်ပြန်ချက်များနှင့် ပျံသန်းမှုအချိန်ဇယားများကို CNN Business က သုတေသနပြုလုပ် ဖော်ပြခဲ့သည်။

ပေကျင်းဆောင်းရာသီ အားကစားပွဲတော်ကို ဖေဖော်ဝါရီ ၄ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပွဲတော်အတွင်း အာဏာပိုင်များက တင်းကျပ်သော မူဝါဒ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အိုလံပစ်ပွဲတော်နှင့် သက်ဆိုင်သည့် အထောက်အထားပြသနိုင်သူများသာ စီးနိုင်သည့် အထူးလေယာဉ်များသာ ပါဝင်သူများသည် စီးနင်းကြရမည်ဖြစ်သည်ဟု CNN သတင်းဌာနက ဖော်ပြခဲ့သည်။

ဇွန်လကတည်းက တရုတ်မြို့ပြလေကြောင်း စီမံခန့်ခွဲရေးအဖွဲ့သည် နိုင်ငံတကာ လေယာဉ်များ ဝင်ရောက်မှုအတွက် ရောဂါကူးစက်မှု ပြတ်တောက်ရေး စည်းမျဉ်းကို ကျင့်သုံးခဲ့သည်။

တရုတ်ပြည်သို့ လေယာဉ်ဆင်းသက်ချိန်တွင် ခရီးသည် ၅ ဦး သို့မဟုတ် ၅ ဦးထက်ပို၍ ကိုဗစ်ကူးစက်ခံရမှု စစ်ဆေးတွေ့ရှိပါက လေယာဉ်ပျံသန်းမှုအား ၂ ပတ်ကြာ အလိုအလျောက် ဆိုင်းငံ့ထားမည်ဟု ယင်းစည်းမျဉ်းက ဆိုသည်။

ခရီးသည် ၁၀ ဦးနှင့်အထက် ကိုဗစ်ကူးစက်ခံရမှု စစ်ဆေးတွေ့ရှိပါက ဆိုင်းငံ့ကာလ ပိုလာနိုင်သည်။

တရုတ်က ယင်း "ပတ်လမ်းဖျက်ခြင်း" စည်းမျဉ်းများကို "နယ်စပ်ဖြတ်ကျော်ကူးစက်ပျံ့နှံ့မှုအန္တရာယ်ကို လျှော့ချရန် အရေးကြီးသောခြေလှမ်း" အဖြစ် ကာကွယ်ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required