မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျံုအန်ကို အသိအမှတ်တော့ပြုရမယ်ဟု ဒေါ်နယ် ထရန့်ပြောကြား

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျံုအန်ကို အသိအမှတ်တော့ပြုရမယ်ဟု ဒေါ်နယ် ထရန့်ပြောကြား

အော့တန်ဝါ၊ ဇန်နဝါရီ - ၁၁ ။           ။ ဇန်နဝါရီလ ၉ ရက်နေ့က မဲဆွယ်ပွဲတစ်ခုသို့ တက်ရောက်လာစဉ် ရီပတ်ဘလီကင်သမ္မတလောင်း တစ်ပြေးနေသူ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်အနေဖြင့် သူ၏ နိုင်ငံရေးအတိုက်အခံများကို ရှင်းပစ်နိုင်စွမ်းမှာ မယုံနိုင်စရာပင်ဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။

အိုင်အိုဝါပြည်နယ်၊ အော့တန်ဝါမှ မဲဆွယ်ပွဲအတွင်း မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ထရန့်က ကင်ဂျုံအန်ကို သွပ်ချေုာင်ချောင်ဟု ခေါ်ဝေါ်ခဲ့သော်လည်း ခင်ဗျားတို့ သူ့ကို အသိအမှတ်တော့ပြုရမယ်ဟုလည်း ပြောကြားခဲ့သည်။

‘သူ့အဖေ သေတဲ့အချိန်မှာ ၂၅-၂၆လောက်ပဲ ရှိသေးတဲ့ သူ့လိုလူငယ် ဘယ်လောက်များများက ဒီမာထန်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို ထိန်းချုပ်နိုင်မလဲ။ သူက ရုတ်တရက်ဆိုသလို ဝင်လာပြီး ထိန်းချုပ် လိုက်တယ်။ ပြီးတော့ သူ ဘော့စ်ဖြစ်သွားတယ်။ ဒါဟာ မယုံနိုင်စရာပါပဲ။ ဦးလေးကို ရှင်းပစ်တယ်။ ဒီလူကို ရှင်းတယ်။ ဟိုလူကိုရှင်းတယ်။ ဆိုလိုတာက ဒီလူက ဂိမ်းကစားနေတာမဟုတ်ဘူး။ ဆိုတော့ ကျနော်တို့လည်း သူနဲ့ ဂိမ်းမကစားနိုင်ဘူး’’ဟု ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က စမ်းသပ်ရာနေရာအနီးတွင် ငလျင်တုန်နှုန်းကို တိုင်းတာတွေ့ရှိခဲ့ပြီးနောက်တွင် မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲခဲ့ကြောင်း ကြေညာ ခဲ့သော်လည်း အိမ်ဖြူတော်ကမူ မြောက်ကိုရီးယား၏ ပြောဆိုချက်ကို သံသယဝင်နေသည်။ နောက်နေ့နံနက်တွင်မူ ထရန့်က မြောက်ကိုရီးယားမှာ တရုတ်၏ ထိန်းချုပ်မှုအောက်တွင် လုံးလုံး ရှိနေကြောင်း ပြောကြားခဲ့သည်။  

ထရန့်အနေဖြင့် အမေရိကန်၏ ရန်သူတော်များကို ချီးကျူးစကားပြာသည်မှာ ဤအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ပါ။ ရုရှသမ္မတ ဗလာဒီမီယာ ပူတင်ကိုလည်း ပြည်တွင်း ပြည်ပတွင် မြင့်မြင့်မားမား လေးစားဖွယ်ပုဂ္ဂိုလ်အဖြစ် ချီးကျူးပြောဆိုမှုကြောင့် ထရန့်မှာ အပြင်းအထန် ဝေဖန်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly