နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၇ ဇန်နဝါရီ ၂၀၂၂ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၇ ဇန်နဝါရီ ၂၀၂၂ )

အမျိုးသားညီညွတ်ရေးအစိုးရ

  • ဖလမ်းမြို့နယ်၊ ပါရ်သဲကျေးရွာအနီး ဇန်နဝါရီ(၁၅)ရက်၊ မနက်(၁၀)နာရီခန့်က စစ်ကောင်စီတပ်နှင့် CNDF တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံးကာ (၁၀) ဦး ဒဏ်ရာရရှိခဲ့ ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရေးသတင်းအကျဉ်းချုပ်တွင် ဖော်ပြထားသည်။
  • မတူပီမြို့အနီး မင်းတပ်-မတူပီလမ်း အဆင်းဘက် UTC အောက်ဘက်တွင် ဇန်နဝါရီ(၁၅)ရက်၊ ည(၈)နာရီခန့်က စစ်ကောင်စီတပ်နှင့် CDF-Mutupi တို့ တိုက်ပွဲငယ် ဖြစ်ပွားခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
  • တီးတိန်မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး ပြည်သူပိုင်အိမ် ငါးလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။
  • စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ နန့်ဖာလုံတံတား(၁၄)လမ်းထိပ် ကံကြီးဝတံတားတွင် နယ်မြေရှင်း လင်းရေး လာသော စစ်ကောင်စီတပ်သားများကို ဇန်နဝါရီ(၁၆)ရက်၊မနက်(၈)နာရီခန့်က ပြည်သူ့ကာကွ ယ်ရေးတပ်မတော်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ငါးဦး သေဆုံးပြီး ထိခိုက်ဒဏါရာရသူ များပြားခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
  • ရွှေဘိုမြို့နယ်၊ မအူပင်ကျေးရွာ(အရှေ့)သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား (၅၀)ခန့် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု တို့သည် ဇန်နဝါရီ(၁၆)ရက်၊ နေ့လယ်(၃) နာရီခန့် က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ နှင့် ပျူစောထီး သုံးဦး သေဆုံးခဲ့ပြီး ပြည်သူ့ ကာကွယ် ရေးတပ်သား တစ်ဦး ကျဆုံးခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
  • ကသာမြို့နယ်၊ မိုးတားရွာမှ သံပုရာကုန်းဘက်သို့ ထွက်ခွာသွားသော စစ်ကောင်စီတပ်များကို ဇန်နဝါရီ(၁၆)ရက်၊ နေ့လယ်(၃)နာရီကျော်ခန့်က ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက မိုင်းဆွဲ တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား နှစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
  • မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင် ဇန်နဝါရီ (၁၆)ရက်နေ့က စစ်ကောင်စီတပ်၏ ရန်ကိုကြော က်၍ ရွာမှ လာရှောင်နေကြသဘ့် အပြစ်မဲ့ပြည်သူ လူကြီး(၃)ဦး နှင့် (၁၀)နှစ်ဝန်းကျင် ကလေး သုံးဦး စုစုပေါင်း (၆)ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးသွားကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
  • အာဏာသိမ်းစစ်အုပ်စု၏ ပြည်သူလူထုအပေါ် အကြမ်းဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ် ဆင်နွှဲနေရာ ဇန်နဝါရီ (၁၆) ရက်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်(၆၅) ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ (၁၄) ဦးအထိ ရှိခဲ့သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ-ဖေဖော်ဝါရီ-မတ်လများတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်းတို့တွင် အချိန်အခါမဟုတ် မိုးများရွာသွန်းနိုင်ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ဇန်နဝါရီ(၁၇)က ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်မှာ ဖော်ပြထားသည်။
  • Click2donate ကတော်လှန်ရေးအစုအဖွဲ့အတွက် ရည်ရွယ်ပြီး ပြုလုပ်ထားတဲ့ ကမ်ပိန်းကနေ မျှော်မှန်းထားတဲ့ ကျပ်သိန်းရှစ်ထောင်ထက် ပိုမိုရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
  • ပြည်တွင်း၊ပြည်ပ အလှူငွေထောက်ပံ့ကူညီသူများ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ နှင့် အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့က ပြည်ထောင်စု ဝန်ကြီးများ ပါဝင်သည့် မဟာဗျူဟာမြောက် သုံးပွင့်ဆိုင် အွန်လိုင်းအလှူငွေ ကောက်ခံပွဲကို ဇန်နဝါရီ(၁၆)ရက်က အွန်လိုင်းကနေ ပြုလုပ်ခဲ့ကြောင်း ဆက်သွယ် ရေး၊ သတင်းအချက်အလက် နှင့် နည်းပညာဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
  • ကရင်နီပြည်နယ်တွင် အရပ်သားပြည်သူများနှင့်တော်လှန်ရေးတပ်မတော်သားများကို ခွဲခြားခြင်းမရှိဘဲ လူသားချင်းစာနာစိတ်မရှိစွာ အကြမ်းဖက်သတ်ဖြတ်နေသည်ကို တွေ့ရှိကြောင်း ကရင်နီပြည်နယ် အတိုင်ပင်ကောင်စီမှ ထုတ်ပြန်သည်။

တော်လှန်ရေးလှုပ်ရှားမှုများ

  • မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်(ဆ)စျေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ မွန်းလွဲပိုင်း လုံခြုံရေး ယူထားသော စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး စစ်သား ၃ ဦး ထိမှန်ကာ ၂ ဦးသေဆုံးသွားကြောင်း Rangers Of Mandalay(ROM)နှင့် YNO MDY တပ်က ပူးပေါင်းထုတ် ပြန်သည်။
  • စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ တာဟန်းဈေးအနောက်ဘက်လမ်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပ.က.ဖ ကလေးမြို့ (မြို့ပေါ်ပြောက်ကျားအဖွဲ့) ကြား ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက် ည ၇ နာရီခန့်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်သား ၂ ဦး နေရာတွင် သေဆုံးကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရှိရသည်။
  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် မအူပင်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး အင်အား ၈၀ ခန့်က ဇန်နဝါရီလ ၁၆ ရက်နေ့ ဝင်ရောက်စီးနင်း တပ်စွဲထားပြီး ပြည်သူ ၄ ဦးကို မတရားနှိပ်စက်ကာ ဖမ်းဆီး သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။
  • အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်း ကျေးရွာပေါင်းစုံက လူထုအင်အား ပိုမိုအားကောင်းစွာဖြင့် ၃၁၃ ရက်မြောက် သပိတ်စစ်ကြောင်း ယနေ့ ဇန်နဝါရီလ ၁၇ရက်တွင် လှည့်လည်ကြွေးကြော်ဆန္ဒပြကြသည်။
  • နိုင်ငံတစ်ဝန်း လောင်းကစား၀ိုင်း၊ ပြည့်တန်ဆာလုပ်ငန်းနှင့် ချဲထီများကို စစ်ကောင်စီက စီမံချက်ဖြင့် ဖွင့်ခွင့်ပြုနေပြီး ဖမ်းဆီးခြင်းမရှိသောအပြင် လုံခြုံရေးပါ ယူပေးနေကြောင်း သိရသာည်။
  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် မအူပင်ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး အင်အား ၈၀ ခန့်က ဇန်နဝါရီလ ၁၆ ရက်နေ့ ဝင်ရောက်စီးနင်း တပ်စွဲထားပြီး ပြည်သူ ၄ ဦးကို မတရားနှိပ်စက်ကာ ဖမ်းဆီး သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။
  • အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်း ကျေးရွာပေါင်းစုံက လူထုအင်အား ပိုမိုအားကောင်းစွာဖြင့် ၃၁၃ ရက်မြောက် သပိတ်စစ်ကြောင်း ယနေ့ ဇန်နဝါရီလ ၁၇ရက်တွင် လှည့်လည်ကြွေးကြော်ဆန္ဒပြကြသည်။
  • အကြမ်းဖက် ဖက်ဆစ် စစ်တပ် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသား ပြည်သူများသည် ဇန်နဝါရီလ ၁၇ ရက် နံနက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ၃၄၄ ရက်မြောက်သပိတ် စစ်ကြောင်းဖြင့် လှည့်လည်ဆန္ဒပြကြသည်။
  • စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်း စစ်တပ်ထုတ်ကုန်များ သယ်ယူသုံးစွဲပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း People Defence Force Tamu တမူး PDF တပ်ရင်း (၃) က ဇန်နဝါရီလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
  • ပဲခူးတိုင်း၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်၊ တာပွန်မြို့တွင် လျှပ်စစ်ဝန်ထမ်းစာရေးမ တစ်ဦးက မီတာခငွေ သိန်း ၉၀ ယူဆောင်ထွက်ပြေးသွား၍ မီတာဆောင်ပြီးသား လူများကို ထပ်မံ ပေးဆောင်ရန် မီတာရုံးက စာထုတ်လာကြောင်း ဒေသခံများက ပြောဆိုသည်။
  • ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာသစ် ကျေးရွာတွင် ဗုံးပေါက်ကွဲရာ ကလေးငယ် နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ ကျေးရွာ တာဝန်ခံက ပြောသည်။
  • ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ရွာတွင် ရဲသတင်းပေးဟု နာမည်ထွက်နေသူ ဆန်းတင့် ဆိုသူကို အမည်မသိ သေနတ်သမား တစ်ဦးက ယနေ့ ဇန်နဝါရီလ ၁၇ ရက် မနက် ၁၀ နာရီဝန်းကျင် အချိန်တွင် သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ဒေသခံများထံက သိရသည်။
  • ဧရာဝတီတိုင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အိအိပြုံး နေအိမ်ကို စစ်ကောင်စီ တပ်များက ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၁၂ နာရီခန့်တွင် စီးနင်း ရှာဖွေခဲ့ပြီး ၎င်း၏ ဖခင်ဖြစ်သူကို အမှုဆင် ဖမ်းဆီးသွားကြောင်း သိရသည်။
  • ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ် ကျော်ဇံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းထွဋ် သေနတ်ဖြင့် ပစ်ခံရကြောင်း ဒေသခံများထံက သိရသည်။
  • PDF-Kalayအတွက် သီးသန့် ရန်ပုံငွေရှာဖွေပေးမည့် We Assist အမည်ရှိ ဖုန်းအက်ပလီကေးရှင်း တစ်ခုကို ယနေ့ ဇန်နဝါရီလ ၁၇ ရက်တွင် PDF -Kalay အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာမှ မိတ်ဆက်ကြေညာလိုက်သည်။
  • စစ်ကောင်စီတပ်များက ပုလဲမြို့နယ် ကျေးရွာတွေကို စစ်ကြောင်းထိုး တိုက်ခိုက်နေဆဲဖြစ်သော်လည်း စစ်ကောင်စီ ဆန့်ကျင်ရေးလူထုသပိတ်တိုက်ပွဲကို ဇန်နဝါရီလ ၁၆ရက် ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်။
  • ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ငါးဆူတောင် ဒေသတွင် ဒေသခံများက ဒလန်ဟု သတ်မှတ်ထားသည့် လှဌေး ဆိုသူ ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်၊ ညနေ ၅ နာရီ ဝန်းကျင်ခန့်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ ရကြောင်း သိရသည်။
  • ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်ရုံးအနီး၌ ဇန်နဝါရီ ၁၆ ရက် ညနေ ၆ နာရီ ၄၀ မိနစ် ဝန်းကျင်ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ မော်တော်ယာဉ် တစ်စီး ပျက်စီးခဲ့ပြီး အနီးရှိ စစ်ကောင်စီ တပ်သားများ ထိခိုက်မှု ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
  • စစ်ကောင်စီက မန္တလေး ကျူးကျော် နေအိမ်များကို ဖယ်ရှား ရှင်းလင်းရာတွင် အဆိုပါနေရာ၌ နှစ်ပေါင်း ငါးဆယ်ကျော် နေထိုင်ခဲ့ကြသူများ၏ အိမ်များလည်း ပါဝင်သွားကြောင်း ယင်းနေရာအနီး နေထိုင်သူ တစ်ဦးက ပြောသည်။
  • မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် အိုးဘိုထောင်အနီးရှိ အကျဉ်းဦးစီးသင်တန်းကျောင်း ယမန်နေ့ညက လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရပြီး ဂိတ်အစောင့်စစ်ကောင်စီ တပ်ဖွဲ့၀င်သုံးဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
  • တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဘန်လောရွာတွင် ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းက စစ်တပ်ပိုင် MyTel တာဝါတိုင် တစ်တိုင်ကို ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်း အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

  • ကရင်နီပြည်နယ်၊ ဖရူဆိုရှိ စစ်ဘေးရှောင်စခန်းကို ယနေ့ နံနက် ၁ နာရီအချိန် စစ်တပ်က လေယာဥ်ဖြင့် ဗုံးကျဲသဖြင့် အသက် ၁၂ နှစ်နှင့် ၁၅ နှစ်အရွယ် သမီးငယ် အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၃ ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်၊ ဖရူဆိုက သတင်းထုတ်ပြန်သည်။
  • ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်၊ မဲပလိကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်းကို KNLA တပ်မဟာ ၅၊ တပ်ရင်း ၁၀၂ တပ်ဖွဲ့များက ဇန်နဝါရီလ ၁၆ ရက်တွင် ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။
  • ကရင်အမျိုးသား အစည်းအရုံး (KNU)၊ တပ်မဟာ (၄)၊ ဘိတ်-ထားဝယ်ခရိုင် (၁၉) ကြိမ်မြောက် ကွန်ဂရက်ကို ဇန်နဝါရီလ ၁၁ မှ ၁၅ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပခဲ့ရာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
  • ချင်းတောင်ဒေသရှိ CDF and PDF အဖွဲ့ပေါင်း ၁၇ ဖွဲ့ စုဖွဲ့ ထားသည့် "Chin land Joint Defense Committee " အတွက် ရန်ပုံငွေ ယူအက်စ် ဒေါ်လာ ၄၀၀၀၀ နီးပါး ကောက်ခံ Save Myanmar USA က ရှာဖွေရရှိကြောင်း သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ

  • ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး ငါးသိန်းကျော်သည် ဇန်နဝါရီ (၁၆)ရက်၊ မနက်(၅)နာရီခန့်က ရန်ကုန်လေဆိပ်ကို ထပ်မံ ရောက်ရှိလာကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
  • ပြည်သူများ အသိမှန်၊ အမြင်မှန်၊ အတွေးမှန်စေရန် မီဒီယာနည်းလမ်းဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန် စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ဇန်နဝါရီ(၁၆)ရက်၊ မွန်းလွဲပိုင်းက နေပြည် တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားကို သွားရောက်ကြည့်ရှုပြီး ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
  • မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြိုနယ်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ပရဝုဏ်အနီး သာသနာ ၂၅၀၀ ဝင်းအတွင်း ဇန်နဝါရီ(၁၄)ရက်၊ညနေပိုင်းတွင် ဆိုင်ကယ်စီးလာသည့် PDF တပ်ဖွဲ့ဝင် နှစ်ဦးက လက်လုပ်မိုင်းဖြင့် ပစ်ဖောက်ဖောက်ခွဲခဲ့ကြောင်း စစ်ကောင်စီ သတင်းဌာနက ကြေညာခဲ့သည်။
  • ကယားပြည်နယ်၊ လွိုင်ကော်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေမှုကို လုံခြုံရေး တပ်ဖွဲ့ ဝင်များက ပြည်သူလူထု ထိခိုက်မှု မရှိစေရေး လုံခြုံရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း စစ်ကောင်စီပိုင်သတင်းစာတွင် ဖော်ပြထားသည်။
  • ·ကရင်ပြည်နယ်၊ မြဝတီမြို့မှ ထင်းအစားထိုးလောင်စာဆီအဖြစ် အသုံးပြုသည့် ရေနံဓာတ်ငွေ့ရည်များ သယ်ဆောင်လာသည့် မော်တော်ယာဉ်များကို ဇန်နဝါရီ(၁၆)ရက်၊ မွန်းလွဲပိုင်းတွင် PDF တပ်ဖွဲ့ဝင်များက ပစ်ခတ်မှု နှင့် မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့သဖြင့် ယာဉ်မောင်းနှစ်ဦး သေဆုံးပြီး ယာဉ်နှစ်စီး ပျက်စီးခဲ့ကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။

ဇန်နဝါရီ ၁၇ သုံးသပ်ချက်

  • စစ်ကောင်စီခေါင်းဆာင်မှ ပါးစပ်မှ ငြိမ်းချမ်းရေးပြောနေသော်လည်း လက်တွေ့တွင် တိုင်းရင်းသား ဒေသ များ တွင် လေကြောင်းမှ အကြီးအကျယ် တိုက်ခိုက်နေသည်။စစ်ကောင်စီမှ တူမီးကိုင်တော်လှန် နေသည့် ဒေသများတွင် မြေပြင်တွင် မတိုက်နိုင်သည့်အတွက် လေကြောင်းချီတပ်များဖြင့် သာလွန် အင်အားသုံး ကာ တိုက်ခိုက်နေသည့် အတွက် အညာဒေသ PDF စခန်းများ ကျဆုံးနေမှုရှိနေသည်။
  • ·သို့သော် တော်လှန်နေသည့် အင်အားလျော့ကျမသွားဘဲ ရှိနေသည့်အတွက် စစ်ကောင်စီမှ အကျပ်တွေ့ နေသည်။ တိုင်းရင်းသားလက်နက်ကိုင်များကို မီးစတမှုတ်ရေတမှုတ်မူဝါဒများဖြင့် စစ်ကောင်စီမှ သုံးစွဲ နေသော်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်များကို အလုံးစုံမစည်းရိုးနိုင်သည့်အတွက် စစ်ကောင်စီ အခက်တွေ့နေသည်။တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များမှလည်း တရားသည့်ဘက်မှရပ်တည်ကာ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ရာတွင် ပူးပေါင်းပါဝင်မှုများ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required