အိန္ဒိယက အာဖဂန်နစ္စတန်အတွက် ဆေးဘက်ဆိုင်ရာ အကူအညီများ ထပ်မံပေးအပ်

By The News Express
16 January 2022
အိန္ဒိယက အာဖဂန်နစ္စတန်အတွက် ဆေးဘက်ဆိုင်ရာ အကူအညီများ ထပ်မံပေးအပ်

စစ်ဒဏ်ကြောင့် ထိခိုက်ပျက်စီးနေသည့် အာဖဂန်နစ္စတန်နိုင်ငံသို့ ဆေးဘက်ဆိုင်ရာ အကူအညီ တစိတ်တဒေသပေးပို့မှုအဖြစ် အိန္ဒိယသည် အာဖဂန်နစ္စတန်အတွက် မရှိမဖြစ် လိုအပ်သော အသက်ကယ်ဆေးဝါး ၂ တန်ကို ဇန်နဝါရီ ၇ ရက်က ပေးပို့လိုက်သည်။

"အာဖဂန်ပြည်သူတွေအတွက် ကျွန်တော်တို့ရဲ့ လုပ်ဆောင်ဆဲ လူသားချင်းစာနာမှုအကူအညီ ပေးအပ်မှု တစိတ်တဒေသအဖြစ် မရှိမဖြစ် လိုအပ်တဲ့ အသက်ကယ်ဆေးဝါး တန်ချိန် ၂ တန်ပါတဲ့ ဆေးဝါးအကူအညီ တတိယအသုတ်ကို ဒီနေ့မှာပဲ အာဖဂန်နစ္စတန်ကို ပေးပို့ပေးခဲ့ပါတယ်" ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ ဆေးဘက်ဆိုင်ရာ အကူအညီများကို ကဘူးလ်မြို့ရှိ အင်ဒီရာ ဂန္ဒီ ဆေးရုံသို့ လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။

"ဒီ ကြိုးပမ်းအားထုတ်မှုအဖြစ် ကျွန်တော်တို့ဟာ မကြာသေးခင်ကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေတဆင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ ၅သိန်း နဲ့ ဆေးဝါးအကူအညီ ၁ ဒသမ ၆ တန်ကိုလည်း အာဖဂန်နစ္စတန်ကို ပေးအပ်ထားခဲ့ပါသေးတယ်" ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

အိန္ဒိယသည် အာဖဂန်နစ္စတန် ပြည်သူများနှင့်အကြား အထူးဆက်ဆံရေး တစ်ရပ် ဆက်လက် ထိန်းသိမ်းထားရန်နှင့် လူသားချင်းစာနာမှုအကူအညီများ ထောက်ပံ့ပေးရန် စိတ်ပိုင်းဖြတ်ထားသည်။

ထို့ပြင် အိန္ဒိယသည် အာဖဂန်နစ္စတန်အတွက် ဆေးဝါးများနှင့် ဂျုံကဲ့သို့ အစားအစာတို့ ပါဝင်သည့် လူသားချင်းစာနာမှု အကူအညီများကို ဆက်လက်ထောက်ပံ့ပေးအပ်မည်ဟု ကတိပြုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly