ကျဆုံးသွားသည့် ဒီးမော့ဆို PDF ရဲဘော် ၂ ဦး၏ မိသားစုကို NUG မှ ငွေကျပ်သိန်း ၂ဝ ထောက်ပံ့

ကျဆုံးသွားသည့် ဒီးမော့ဆို PDF ရဲဘော် ၂ ဦး၏ မိသားစုကို NUG မှ ငွေကျပ်သိန်း ၂ဝ ထောက်ပံ့

ဇန်နဝါရီလ ၁၅ ရက်

ကရင်နီပြည်နယ်က ကျဆုံးသွားသည့် ဒီးမော့ဆို PDF ရဲဘော်နှစ်ဦး၏ မိသားစုကို အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ ငွေကျပ်သိန်း နှစ်ဆယ်ကို ထောက်ပံ့ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆို (DMO-PDF) က ဇန်နဝါရီလ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။ 

ရဲဘော်မောင်အန်ဘရောရှိုနှင့် ရဲဘော်ဦးအာလေးရှိုတို့မှာ DMO-PDF တပ်ရင်း( B ) တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး တိုက်ပွဲအတွင်း မိမိအသက်ကိုပဓာနမထားဘဲ တိုင်းပြည်အတွက် အသက်ပေးကာကွယ်သွားခဲ့ကြကြောင်း DMO-PDF ကဆိုသည်။ 

အဆိုပါကျဆုံးရဲဘော်နှစ်ဦး၏ မိသားစုအတွက် NUG ထံမှ ထောက်ပံ့ငွေ သိန်းနှစ်ဆယ်ကျပ်ကို လက်ခံရရှိပြီးနောက် DMO-PDFဗဟို ဦးဆောင်ကော်မတီက ယနေ့ ဇန်နဝါရီလ ၁၅ ရက်တွင် မိသားစုထံ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required