တရုတ်အစိုးရက နည်းပညာကုမ္ပဏီများအပေါ် ပိုမိုထိန်းချုပ်လိုက်ခြင်းကြောင့် အလုပ်အကိုင် ဆုံးရှုံးမှုများ မြင့်တက်

တရုတ်အစိုးရက နည်းပညာကုမ္ပဏီများအပေါ် ပိုမိုထိန်းချုပ်လိုက်ခြင်းကြောင့် အလုပ်အကိုင် ဆုံးရှုံးမှုများ မြင့်တက်

တရုတ်အစိုးရက နည်းပညာကုမ္ပဏီများအပေါ် ပိုမိုတင်းကျပ်သော ထိန်းချုပ်မှုသည် စီးပွားရေးအတွက် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည့် ကုမ္ပဏီများအတွက် အလုပ်အကိုင် ဆုံးရှုံးမှုများကို ဖြစ်စေခဲ့သည်။

အင်တာနက်လုပ်ငန်းသည် ပြင်းထန်ပြီး တင်းကျပ်သော စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဖြိုခွင်းမှုဒဏ်ကြောင့် နည်းပညာကဏ္ဍတွင် အလုပ်လက်မဲ့ ဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင် ရှီကျင့်ဖျင်၏ လမ်းညွှန်မှုအောက်တွင် အစိုးရသည် နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်စွက်ဖက်နေပြီး ကုမ္ပဏီများသည် ၎င်းတို့၏ ဗျူဟာများကို ကြိုတွက်ထားရကာဖြိုခွင်းခံရမည့် နောက်ပစ်မှတ်များ မဖြစ်လာစေရန် ဆုတောင်းနေရကြောင်း Japan Times က ဖော်ပြခဲ့သည်။

တရုတ်လူငယ်အများအပြားသည် တည်ငြိမ်သောရာထူးများရရှိရေးအတွက် အစိုးရအလုပ်များကို လစာနည်းသော်လည်း ရှာဖွေနေကြကာနည်းပညာကုမ္ပဏီများကို ဖြိုခွဲခြင်းသည် အလုပ်အကိုင်စျေးကွက်အပေါ် အေးစက်စေသည်။

တရုတ်နိုင်ငံတွင် ၂၀၂၂ ခုနှစ်တွင် ကောလိပ်ဘွဲ့ရ ၁၀ သန်းရှိမည်ဟု တရုတ်ပညာရေးဝန်ကြီးဌာနမှ သိရသည်။

အခြားတစ်ဖက်၌ ဒီဇင်ဘာလလယ်က နိုင်ငံ၏အင်တာနက်စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က နိုင်ငံ၏အာဇာနည်များကိုမကောင်းကြောင်းပြောသူများ၊ အရှုပ်တော်ပုံများတွင်ပါဝင်သည့် ဖျော်ဖြေရေးသမားများနှင့် Live လွှင့်သည့် နာမည်ကျော်များအပါအဝင် ထင်ရှားကျော်ကြားသူများ၏အကောင့်ပေါင်း ၂၀ ၀၀၀ ထက်မနည်းကို ပိတ်ပစ်ရန် ၂၀၂၁ ခုနှစ်က အမိန့်ထုတ်ခဲ့ကြောင်းJapan Times က ဖော်ပြထားသည်။

ထို့ပြင် နှစ် ၁၀၀ လေ့လာစောင့်ကြည့်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယမန်နှစ် သြဂုတ်လတွင် ကွန်မြူနစ်ပါတီသည် တရုတ်နိုင်ငံ၏ နည်းပညာလုပ်ငန်းကို ပြောင်းလဲရန် ၅ နှစ် အသေးစိတ်စီမံချက်ကို ထုတ်ပြန်ခဲ့ပြီး ယခုနှစ်တွင် အပြောင်းအလဲများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

ထို့ပြင် တရုတ်၏ ဖြိုခွင်းမှုသည် ၁၉၉၀ ခုနှစ်များအစောပိုင်းကတည်းက အထင်ကြီးလောက်စရာ နည်းပညာကဏ္ဍကို တည်ဆောက်ခဲ့သည့် တရုတ်နည်းပညာကုမ္ပဏီ၏ စွန့်ဦးတီထွင်မှုစိတ်ဓာတ်ကို တားမြစ်လိုက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly