နမ့်ခမ်းမြို့နယ်တွင် TNLA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား၊ စစ်တပ်ဘက်က ၅ ဦး သေဆုံးနိုင်

နမ့်ခမ်းမြို့နယ်တွင် TNLA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွား၊ စစ်တပ်ဘက်က ၅ ဦး သေဆုံးနိုင်
ဓာတ်ပုံ-ရွှေဖီမြေ

ဇန်နဝါရီလ ၁၂ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ ဇန်နဝါရီလ ၁၂ ရက် နေ့လယ် ၁ နာရီခွဲမှ ၂ နာရီခွဲအထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

လွယ်လောင်နှင့် မန်လွယ်ကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ငါးဦး သေဆုံးနိုင်ပြီး လက်နက် သုံးလက် TNLA က သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ဒေသခံတစ်ဦးက “စစ်တပ်က မန်လွယ်ရွာကနေ ထိုးတက်လာတာကို TNLA က ကြိုစောင့်ပြီး ထိတွေ့ပြီးတော့ တိုက်ပွဲဖြစ်တယ်လို့ ကြားရတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ် စခန်းသစ်ကုန်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ မန်လွယ်နှင့် ကောင်းဝိုင်းကျေးရွာထဲသို့ ကျရောက်ခဲ့ကြောင်း သိရသည်။

ယနေ့သည် (၅၉) နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့လည်း ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့ကလည်း နမ့်ခမ်းမြို့တွင် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်တပ်ဘက်မှ လေးဦး သေဆုံးခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required