အပူလှိုင်းခြေရာခံ အသံထက်မြန်သည့် ဒုံးကျည်တီထွင်နိုင်ခြင်းသည် အမေရိကန်တို့ကို အနိုင်ယူသည့် ထိုးနှက်ချက်ဖြစ်ကြောင်း တရုတ်သိပ္ပံပညာရှင်များ ပြောကြား

အပူလှိုင်းခြေရာခံ အသံထက်မြန်သည့် ဒုံးကျည်တီထွင်နိုင်ခြင်းသည် အမေရိကန်တို့ကို အနိုင်ယူသည့် ထိုးနှက်ချက်ဖြစ်ကြောင်း တရုတ်သိပ္ပံပညာရှင်များ ပြောကြား

အမေရိကန်စစ်တပ်က နှစ်ပေါင်းများစွာ အချိန်ယူထုတ်လုပ်ရနိုင်ဖွယ်ရှိသောအပူလှိုင်းခြေရာခံ နည်းပညာသုံး အသံထက်မြန်သည့် ဒုံးကျည်များကို တရုတ်သိပ္ပံပညာရှင်များက တီထွင်ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ပြောကြား သည်။

အဆိုပါ တီထွင်မှုသည် နိုင်ငံများ၏ လက်နက်ပြိုင်ဆိုင်မှုအတွက် ကြီးမားသော သက်ရောက်မှုများရှိလာသည်။ တရုတ်က အာကာသအတွင်းသို့ နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်သော အသံထက်မြန်သည့် ဒုံးကျည် စမ်းသပ်သည်ဆိုသောသတင်း မဟုတ်ကြောင်းနှင့် အာကာသယာဉ် စမ်းသပ်ခြင်းသာဖြစ်ကြောင်းကို ငြင်းဆိုထားပြီး ၄ လအကြာတွင် သိပ္ပံပညာရှင်များက ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် တရုတ်အမျိုးသားကာကွယ်ရေးနည်းပညာတက္ကသိုလ်မှ သုတေသီများသည် လေထုဖိအားများ သည့် အနိမ့်ပိုင်းတွင် ပျံသန်းချိန်တွင် အပူရှိန်ကို အခြေခံ၍ ပစ်မှတ်ကိုရှာဖွေရန်၊ ခွဲခြားသိရှိနိုင်ပြီး ထိန်းချုပ်နိုင် သည့် နည်းပညာကို တီထွင်နိုင်ပြီဟု ပြောဆိုနေကြသည်။

ထို့ကြောင့် ယခုထုတ်လုပ်လိုက်သည့် ဒုံးကျည်များသည် ကိုယ်ပျောက်လေယာဉ်၊ လေယာဉ်တင်သင်္ဘောများနှင့် လမ်းပေါ်ရှိ ရွေ့လျားနေသောယာဉ်များအပါအဝင် ပစ်မှတ်များကို အလွန်တိကျလျင်မြန်သည့်နှုန်းဖြင့် ပစ်ခတ်နိုင်ကြောင်း ထုတ်ပြန်ချက်ကို ကိုးကားပြီး South China Morning Post က ဖော်ပြခဲ့သည်။

ဒုံးကျည်၏ အရှိန်အဟုန်သည် ထောက်လှမ်းမှုစနစ်များကို အနှောင့်အယှက်ဖြစ်စေသော အပူကို ထုတ်ပေး သောကြောင့် အသံထက်မြန်သော အမြန်နှုန်းတွင် အပူကို အာရုံခံရန် ခက်ခဲသည်။

သို့သော် အဓိကကျသည့် နည်းပညာဆိုင်ရာ တီထွင်စမ်းသပ်မှုများတွင် ထိရောက်အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ ကြောင်း သိပ္ပံပညာရှင် ပါမောက္ခ ရိရှီဟဲက ယခုလအစောပိုင်းက အများပြည်သူအတွက်ထုတ်ပြန်သည့် လေတပ်နှင့် အာကာသကာကွယ်ရေးဂျာနယ်တွင် စာတမ်းတစ်စောင် ရေးသားဖော်ပြခဲ့သည်။

အမေရိကန်သည် Terminal High Altitude Area Defense (THAAD) စနစ်ကဲ့သို့သော ဒုံးကျည်ကာကွယ်ရေး စနစ်များတွင် မြန်နှုန်းမြင့် အနီအောက်ရောင်ခြည်ပစ်ကွင်းထိနည်းပညာကို အသုံးပြုထားသော်လည်း အဆိုပါ အပူအာရုံခံကိရိယာများသည် အမြင့်ပိုင်း လေဖိအားနည်းရပ်ဝန်းတွင်သာ အလုပ်လုပ်ကြောင်း တရုတ် သုတေသီများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly