ဥရောပသမဂ္ဂက ပေကျင်းအိုလံပစ်ကို သံတမန်နည်းလမ်းဖြင့် သပိတ်မှောက်ရန် ဘယ်လ်ဂျီယံ အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

By EU Today
10 January 2022
ဥရောပသမဂ္ဂက ပေကျင်းအိုလံပစ်ကို သံတမန်နည်းလမ်းဖြင့် သပိတ်မှောက်ရန် ဘယ်လ်ဂျီယံ အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

ဥရောပသမဂ္ဂ (အီးယူ) က တရုတ်၏ ပေကျင်းအိုလံပစ်ပြိုင်ပွဲကို သံတမန်နည်းလမ်းဖြင့် သပိတ်မှောက်ရန် ဘယ်လ်ဂျီယံအရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုမှုများကို ဘရပ်ဆဲလ်နှင့် အန်ဝါပ်မြို့များ၌ ဇန်နဝါရီ ၃ ရက်နှင့် ၄ ရက်တို့တွင် ပြုလုပ်ခဲ့ကြသည်။

အငြင်းပွားဖွယ်ရာ ၂၀၂၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအား ပေကျင်းမြို့၌ ကျင်းပရန် ရက်သတ္တပတ် ၅ ပတ်ခန့်သာ လိုတော့သော်လည်း အီးယူအနေဖြင့် အဆိုပါပွဲသို့ တက်ရန် သံတမန်များနှင့် အရာရှိများစေလွှတ်ရေးအပေါ် မဆုံးဖြတ်ရသေးပေ။

ဘယ်လ်ဂျီယံအပါအဝင် အီးယူအဖွဲ့ဝင်နိုင်ငံများက သပိတ်မှောက်ကြောင်း ကြေညာထားသလို ဥရောပ ပါလီမန်ကလည်း ယင်းကဲ့သို့ လုပ်ဆောင်ရန် မဲပေးဆုံးဖြတ်ထားသည်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် တာလီဘန်နှင့် ဝီဂါအသို်ငးအဝိုင်းတို့အပါအဝင် ဘယ်လ်ဂျီယန် အရပ်ဘက်အဖွဲ့အစည်းများက အီးယူအနေဖြင့် အိုလံပစ်ပြိုင်ပွဲကို အရေးယူဆောင်ရွက်ရန်နှင့် သပိတ်မှောက်ရန် ဇန်နဝါရီ ၃ ရက်နှင့် ၄ ရက်နေ့ များတွင် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

လူနည်းစုများ ကာကွယ်ရေးဆိုင်ရာ ဥရောပအသင်း ဥက္ကဌ မန်နယ်မာဆယ်မီက “လူ့အခွင့်အရေးနဲ့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အတင်းအဓမ္မအလုပ်ခိုင်းစေခဲ့ရပြီး လိင်ပိုင်းဆိုင်ရာ စော်ကားနှိပ်စက်ခံရတဲ့ ဝီဂါအပါအဝင် တရုတ်နိုင်ငံက လူနည်းစုတွေရဲ့ ဒုက္ခကို လစ်လျူမရှုနိုင်ပါဘူး။ ၂၀၂၂ ခုနှစ် ပေကျင်းအိုလံပစ်ကို သပိတ်မှောက်ခြင်းအားဖြင့် လူ့အခွင့်အရေးကိစ္စနဲ့ ပတ်သက်လို့ တရုတ်အစိုးရကို သတိပေးလို့ပါလိမ့်မယ်” ဟု ပြောကြားသည်။

“လူမျိုးသုဉ်း သတ်ဖြတ်ခံရတဲ့ အပြစ်မဲ့ပြစ်သူအားလုံး၊ ပြန်လည်ပညာသင်ကြားရေးစခန်းလို့ခေါ်တဲ့နေရာတွေမှာ အလိုမတူဘဲ အကျဉ်းကျခံရနေတဲ့သူတွေဘက်မှာ ရှိတယ်ဆိုတာ သပိတ်မှောက်ခြင်းဖြင့် ဖော်ထုတ်နိုင်ပါတယ်။ ၂၁ ရာစုမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြင်တွေ့ရတာဟာ လူ့အသိုင်းအဝိုင်းအတွက် အရှက်ရစေပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

ပို့စ်ဗာဆာမှာ လူ့အခွင့်အရေးဆိုင်ရာ အင်န်ဂျီအိုအဖွဲ့ဥက္ကဌ အင်ဒီဗားမောက်က “အိုလံပစ် ပြိုင်ပွဲကို တက်ရောက်ခြင်းဟာ တရုတ်ကွန်မြူနစ်အစိုးရရဲ့ အာဏာရှင်ခေါင်းဆောင်မှုကို ထောက်ခံခြင်းပါပဲ။အစိုးရအရာရှိတွေအနေနဲ့ ပါဝင်ဖို့ကို ငြင်းဆိုပြီး ကောင်းမွန်တဲ့ စံနမူနာဖြစ်သင့်ပါတယ်” ဟု ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly