တရုတ်ကွန်မြူနစ်ပါတီ၏ ပြဿနာများပိုဆိုးလာခြင်းက နိုင်ငံ စီးပွားရေးကို ခြိမ်းခြောက်နေ

တရုတ်ကွန်မြူနစ်ပါတီ၏ ပြဿနာများပိုဆိုးလာခြင်းက နိုင်ငံ စီးပွားရေးကို ခြိမ်းခြောက်နေ

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ဒီမိုကရေစီကို ရှုတ်ချရန် တရုတ်နိုင်ငံ၏ စီးပွားရေးအောင်မြင်မှုများကို အများအားဖြင့် အသုံးချလေ့ရှိသော်လည်း ါတီ တွင် ပြဿနာများ ဆိုးရွားလာခြင်းက နိုင်ငံ၏ စီးပွားရေးကို ဟန်ချက်ပျက်မည့်အခြေအနေအတွက် ခြိမ်းခြောက်နေသလို တတိယသက်တမ်း ရာထူးစတင် ထမ်းဆောင်တော့မည့် သမ္မတရှီကျင့်ဖျင်၏ အကန့်အသတ်မဲ့အုပ်ချုပ်မှုရည်မှန်းချက်ကို ထိခိုက် စေလျှက်ရှိသည်။

The Hill သတင်းဝက်ဆိုက်တွင် "For Us, The Living: A Journey to Shine the Truth on Truth" ဟူသောဆောင်းပါးကို ရေးသားခဲ့သည့် Citizen Power Initiatives for China ကိုတည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ကျန်းလီယန်းက ၂၀၂၀ ခုနှစ်သည် ရှီအတွက် အရေးကြီးသည့် နှစ်ဖြစ်မည်ဆိုသော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းမှုကို ပြုပြင်ရမည်ဟု ရေးသားခဲ့သည်။

လွန်ခဲ့သည့် ၁၀ နှစ်ခန့်က တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်း စတင်ကျဆင်းလာသည်။ နှစ် ၃၀ ခန့် အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်ပြီးနောက် နှေးကွေးမှုသည် ပုံမှန်လိုဖြစ်လာသည်။ သို့သော် ရှီ၏ အုပ်ချုပ်မှုနှင့် တစ်ချိန်တည်းဖြစ်လာသည့်အခါ စီးပွားရေးကျဆင်းလာခြင်းသည် ရှီ၏ မူဝါဒများနှင့် ဆက်နွှယ်ကြောင်းကို ညွှန်ပြနိုင်သည်။

အထူးသဖြင့် မကြာသေးမီနှစ်များအတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး၊ ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှု တည်ဆောက်ခြင်း၊ အယူဝါဒနှင့် အပြောအဆို ထိန်းချုပ်ရေးတင်းကျပ်မှု၊ စီးပွားရေးနှင့် လူ့အဖွဲ့အစည်းအပေါ် ပါတီ၏ ထိန်းချုပ်မှုကို အားကောင်းစေခြင်း သို့မဟုတ် အရင်းအနှီးကို နှိမ်နှင်းခြင်း စသည်တို့ကြောင့် စီးပွားရေး ဆုံးရှုံးခဲ့ရသည်ဟု ကျန်းလီကပြောသည်။

တရုတ်၏စီးပွားရေးသည် ၀ယ်လိုအားကျုံ့ခြင်း၊ ရောင်းလိုအား ညံ့ဖျင်းခြင်းနှင့် မျှော်မှန်းချက်အားနည်းခြင်း စသည့် ဖိအား ၃ မျိုးကို ကြုံတွေ့နေရသည်ဟု မကြာသေးမီကကျင်းပသော ဗဟိုစီးပွားရေး လုပ်ငန်းကွန်ဖရင့်က မှတ်ချက်ပြုခဲ့ကြောင်း ကျန်းလီကပြောသည်။

ရှီ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုနှင့် အရာရှိများအား နိုင်ငံရေးအကဲဖြတ်မှုများကြောင့် အရာရှိအချို့ကို ထိတ်လန့်စေခဲ့သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် နိုင်ငံရေးလေ့လာမှုများ၊ နိုင်ငံရေးရုန်းကန်မှုများနှင့် အထက်မှအလုပ်များကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ပြိုင်ဘက်များကို သတိဖြင့်ကာကွယ်တားဆီးရင်း ၎င်းတို့အချိန်နှင့်အင်အားများကို သုံးဖြုန်းခဲ့ကြသည်။ ထိုအခြေအနေမျိုးအောက်တွင် အတော်များများသည် အလုပ်မလုပ်ချင်သောကြောင့် ဗျူရိုကရေစီစနစ်ကို မလွဲမသွေ ဆုတ်ယုတ်သွားစေပြီး စီးပွားရေးအပေါ် သက်ရောက်ခဲ့သည်။ ရှီ၏ “ပြည်သူ့ ဒီမိုကရေစီ ပ်ငန်းစဉ်တစ်ခုလုံးလု” ကို လူများက မနာခံနိုင်ကြောင်း ထင်ရှားလာသည်။

ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံ၏ စီးပွားရေးရင်ဆိုင်နေရသော ခက်ခဲကြမ်းတမ်းသော ပြင်ပပတ်ဝန်းကျင်နှင့် အခက်အခဲများနှင့်စိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားလျက် နိုင်ငံ၏ စီးပွားရေးကို တည်ငြိမ်စေရန်နှင့် အမြန်လုပ်ဆောင်ရန် လိုအပ်သည်ဟု ကျန်းလီက ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly