ဝန်ထမ်းများ ဘေးကင်းရေးအတွက် ဟောင်ကောင်တွင် သတင်းဌာနတစ်ခု ပိတ်လိုက်ရ

ဝန်ထမ်းများ ဘေးကင်းရေးအတွက် ဟောင်ကောင်တွင် သတင်းဌာနတစ်ခု ပိတ်လိုက်ရ

ဟောင်ကောင်ရှိ လွတ်လပ်သော သတင်းအေဂျင်စီ Citizen News က တရုတ်အုပ်ချုပ်သော ဟောင်ကောင်မြို့ တွင် ယိုယွင်းနေသော မီဒီယာပတ်ဝန်းကျင်များနှင့် ရင်ဆိုင်နေရခြင်းနှင့် ဝန်ထမ်းများဘေးကင်းလုံခြုံရေး အတွက် ဇန်နဝါရီ ၄ရက်မှ စတင်ကာ လုပ်ငန်းများ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

“ဝမ်းနည်းစရာကောင်းတာက လူ့အဖွဲ့အစည်းရဲ့ လျင်မြန်တဲ့ပြောင်းလဲမှုတွေနဲ့ မီဒီယာအတွက် ပိုဆိုးလာတဲ့ ပတ်ဝန်းကျင်ကြောင့် မိမိတို့ရဲ့ ပန်းတိုင်ကို ထိတ်လန့်မှုမရှိဘဲ ရောက်ရှိဖို့ မဖြစ်နိုင်ပါဘူး။ ဒီအကျပ် အတည်း ကြားမှာ မိမိတို့လူတွေ ဘေးကင်းလားဆိုတာကို ဦးစွာ စစ်ဆေးရပါမယ်” ဟု ၂၀၁၇ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Citizen News က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီဇင်ဘာ ၃ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှာ Citizen News ၏ အယ်ဒီတာချုပ် ဒေစီလီက “ပတ်ဝန်းကျင်က ပြောင်းလဲသွားခဲ့ပါပြီ။ ဘယ်လိုသတင်းမျိုးက ဘေးကင်းတယ် ဆိုတာမသိတော့ပါဘူး”ဟု ပြောကြားခဲ့သည်။

“သတင်းထောက်တွေကို လမ်းညွှန်ပြဖို့ လုံလောက်တဲ့ ယုံကြည်မှုမရှိတော့ဘူးဆိုရင် ကျွန်မ တာဝန်ယူရမှာပေါ့” ဟု သူမက ဆိုသည်။

Citizen News ကို ပိတ်ရန် ဆုံးဖြတ်ချက်သည် ပြီးခဲ့သည့် သီတင်းပတ်က နံနက်အစောပိုင်းတွင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာမှ အစပြုခဲ့ခြင်း ဖြစ်ကြောင်း ဟောင်ကောင် သတင်းထောက်များ အသင်း၏ ဥက္ကဌဟောင်းလည်းဖြစ် Citizen News မှ ဇာတ်ညွှန်းဌာနအကြီးအကဲ ခရစ်ယန်ကို ဒီဇင်ဘာ၃ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဟောင်ကောင်အာဏာပိုင်များက လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ပျက်ပြားစေသည်ဟူသော စွပ်စွဲချက်များကို အကြိမ်ကြိမ် ပယ်ချခဲ့ပြီး ဟောင်ကောင်အစိုးရသည် မီဒီယာများကို ပစ်မှတ်ထား ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly