တရုတ်နိုင်ငံ ရှီအန်းမြို့တွင် အသွားအလာကန့်သတ်ထားသော်လည်း ကိုဗစ်-၁၉ ကူးစက်မှု ဆက်လက်မြင့်တက်

တရုတ်နိုင်ငံ ရှီအန်းမြို့တွင် အသွားအလာကန့်သတ်ထားသော်လည်း ကိုဗစ်-၁၉ ကူးစက်မှု ဆက်လက်မြင့်တက်

တရုတ်နိုင်ငံ အနောက်ပိုင်း ရှီအန်းမြို့တွင် လူ ၁၃ သန်းကို တင်းတင်းကျပ်ကျပ် အသွားအလာ ပိတ်ဆို့ထားသော်လည်း ဒယ်လ်တာမျိုးကွဲကြောင့်ဖြစ်သော ရောဂါဖြစ်ပွားမှုသည် လျော့ပါးသွားသည့် အရိပ်လက္ခဏာ အနည်းငယ်သာ တွေ့ရှိခဲ့ရသည်။

အဆိုပါ မြို့ ၌ ဇန်နဝါရီ ၁ ရက်တွင် ရောဂါဖြစ်ပွားမှု ၁၇၀ ကျော်နှင့် ဇန်နဝါရီ ၂ ရက်တွင် ၁၂၀ ကျော်ရှိခဲ့ပြီး အသစ်ကူးစက်ခံရသူအများအပြားတွင် ယခင်ကူးစက်ခံရသူများနှင့်အနီးကပ်ထိတွေ့ဆက်ဆံမှု မရှိသူများလည်း ပါဝင်သည်။

ထိုကဲ့သို့ မမြင်နိုင်သောကူးစက်မှုကွင်းဆက်များကြောင့် ၂၀၂၀ ခုနှစ်အစောပိုင်း ဝူဟန်ပိတ်ဆို့မှုနောက်ပိုင်း အပြင်းထန်ဆုံး အသွားအလာကန့်သတ်မှုအဖြစ်သို့ ရောက်ရှိစေခဲ့သလို ယင်းကန့်သတ်မှုသည် ရောဂါဖြစ်ပွားမှုကို တိုက်ဖျက်ရာတွင် အာဏာပိုင်များရင်ဆိုင်နေရသည့် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ကိုဗစ်လုံးဝကင်းစင်ရေးမဟာဗျူဟာအောက်တွင် တရုတ်နိုင်ငံအနေဖြင့် တစ်လျှောက်လုံး အပန်းတကြီး ကြိုးစားလုပ်ဆောင်နေသည့် ပန်းတိုင်ဖြစ်ကြောင်း ညွှန်ပြလျက်ရှိသည်။

တရုတ်နိုင်ငံ၌ ဇန်နဝါရီ ၁ ရက်က ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၁၉၁ ဦးတွေ့ရှိခဲ့ပြီး ယခင်တစ်ရက်ကတွေ့ရှိခဲ့သည့် ၂၃၁ ဦးထက် လျော့နည်းခဲ့‌ကြောင်း နိုင်ငံ၏ကျန်းမာရေးအာဏာပိုင်များက ဇန်နဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။

ရောဂါကူးစက်မှုအသစ်များအနက် ပြည်တွင်းကူးစက်မှ ၁၃၁ ဦးရှိကြောင်း အမျိုးသား ကျန်းမာရေး ကော်မရှင်၏ထုတ်ပြန်ချက်အရ သိရပြီး အစောပိုင်းတစ်ရက်က ၁၇၅ ဦးကူးစက်မှုနှင့် နှိုင်းယှဉ်ပါက လျော့နည်းလာသည်။

ဒေသတွင်းကူးစက်မှုအသစ်အများစုသည်ရောဂါပြန့်ပွားမှုကိုထိန်းချုပ်ရန် ပိတ်ဆို့ထားသော မြို့တော် ရှီအန်း၏ အနောက်မြောက်ပိုင်းပြည်နယ်ဖြစ်သည့် ရှန်းရှီးတွင်ဖြစ်သည်။ ကျဲ့ကျန်းနှင့် ဟဲနန်ပြည်နယ်များတွင်လည်း ကူးစက်မှုအသစ်များတွေ့ရှိခဲ့သည်။

တရုတ်နိုင်ငံတွင် ရောဂါလက္ခဏာမပြဘဲ ရောဂါဖြစ်ပွားသူ ၅၂ ဦးရှိခဲ့ပြီး ၎င်းကို အတည်ပြုလူနာများနှင့် သီးခြားခွဲတွက်ကာ အစောပိုင်းရက်က ၃၈ ဦးရှိသည်။

ထပ်မံသေဆုံးမှုမရှိသောကြောင့် သေဆုံးသူဦးရေမှာ ယခင်အတိုင်း၄၆၃၆ ဦးဖြစ်ပြီးဇန်နဝါရီလ ၁ ရက်နေ့အထိ တရုတ်ပြည်မကြီးတွင် အတည်ပြုလူနာ ၁၀၂၅၀၅ ဦး ရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly